IULM(14)

2.6K 173 8
                                    

[Zawgyi]

"ကောင်း...ခဏလာဦး..."

ကောင်း အပါအဝင် ထက်ချီ ဟိန်းဇဲ လင်းရှိန်ဝါတို့ လေးယောက်သား ဧည့်ခန်းထဲက TVကြီးကို စိတ်ဝင်တစားကြည့်နေကြစဉ် အဖျက်သမား ချမ်းသွေးစစ်ရောက်လာလေ၏။

"ဘာလဲကွာ...ငါတို့ဒီမှာ Fast&Furiousပြန်ကြည့်နေတယ်လေ"

ဒီနေ့ ရှိသမျှ Shootingတွေ Dance Practice တွေကို မြန်နိုင်သမျှ မြန်အောင်အပြီးသပ်ကာ ရုပ်ရှင်ရုံမှါ Movieတစ်ခုခု သွားကြည့်ချင်လှချည်ရဲ့ဆိုပြီး ပူဆာ​နေတဲ့ ထက်ချီ​လေးအား အတင်းချော့မော့ပြောကာ ရုပ်ရှင်ရုံမှာ ကြည့်သည်ဟု ထင်ရသလိုမျိုး ဧည့်ခန်းကမီးတွေအကုန်မှိတ်ကာ ကြည့်နေကြခြင်းဖြစ်သည်။

အာလူးကြော်ထုပ် ပေါက်ပေါက်ထုပ် Pepsi စတဲ့ စတဲ့ မုန့်တွေကိုတော့ အစဉ်လာမပျက် ဝယ်ပေးလိုက်ရသည်ပေါ့...။

"ခဏလေးပါကွာ...ဒီဟာကြည့်ပြီးရင်လည်း မင်းနောက်ကျနေပြီဆိုပြီးတစ်ခါတည်း ဝင်အိပ်တော့မှာ...ကိုယ်ပြောလို့ရမှာမဟုတ်ဘူး...လာပါကွာ...ကောင်းရာ..."

အပြောရော အလုပ်ရော ညီစွာ ကောင်းရဲ့လက်ကို ဆက်ခနဲ ဆွဲယူကာ ခေါ်ထုတ်သွားသော ချမ်းသွေးစစ်...။

         ***********

"ဒါက ဘာလဲ?"

သူများTVကြည့်နေတာကိုတော့ သေမလိုခေါ်လာပြီး အခန်းထဲရောက်တော့မှ ပေးလာသည်က စာအုပ်လေးတစ်အုပ်တဲ့..။

"ဖွင့်ကြည့်လိုက်"

"ချစ်သူဖြစ်စ အချိန်တွင် လုပ်သင့် လုပ်ထိုက်သည်များ"

"...."

"ဘာလားဟ?"

"မင်း ဆက်မဖတ်ဘဲနဲ့ မေးပြန်ပြီ..."

"နံပါတ်တစ်...နှစ်ယောက်အတူတူ ဘတ်စ်ကားစီးရန်..."

"..."

ကောင်း နံပါတ်တစ် အချက်ကိုဖတ်ပြပြီး ချမ်း ကို ကြည့်လိုက်လေတော့ ဆက်ဖတ်ဦးဆိုတဲ့သဘောနဲ့ မေးဆက်ပြ၏။

"နံပါတ် နှစ်...မုန့်ဆိုင် ဘုရား ပန်းခြံ စသော Public Areaများသို့ သွားရန်...
မဟုတ်သေးပါဘူး...ချမ်း...မင်း စ စရေးတဲ့ နှစ်ချက်မှာတင် မဟုတ်သေးတာ..."

ငါ့ကိုချစ်ရင်...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now