IULM(25)

1.2K 106 8
                                    

"ဟေးးး မင်းဆရာရှိလား?"

"မရှိဘူး!!"

"မလိမ်စမ်းနဲ့"

"လိမ်တာမဟုတ်ဘူး မဟုတ်တာပြောတာ"

"ကျစ်**"

ချမ်း ထိုသူကြီးသမီးဆိုသူကို ပြောမနိုင်တော့ပါ။ ကောင်းကို အိမ်ထဲမှာရှိမှန်းသိသော်လည်း ဒီမလောက်လေးမလောက်စားမလေးကြောင့် ပေါ်တင်လိမ်ခံမိခဲ့ရလေပြီ။

ချမ်းသွေးစစ် ကောင်းကျော်ထက်ဆိုသူကို သူ့လူပြန်ဖြစ်လာအောင် အစကနေ ပြန်ကြိုးစားပြမယ် ဆိုကတည်းက ယနေ့အထိ တစ်ပတ်တိုင်တိုင် ဟိုသုံးယောက်(လင်းရှိန် ၊ ဇဲ ၊ ချီချီ)ဆီက လာသမျှဖုန်းတဂွမ်ဂွမ်ကို လျစ်လျုရှုကာ ထိုရွာမှ တစ်ဖဝါးမှမခွာဘဲ စာသင်ကျောင်းလှူထားသောအလှူရှင်အဖြစ်အမည်ခံကာ သူကြီးစီစဥ်ပေးသော ထိုရွာရှိ အသက်၅၀ကျော်အရွယ် လူပျိုကြီးဦးငွေမိုးဆိုသူ၏ အိမ်တွင် ဧည့်သည်အဖြစ်တည်းပြီး စွမ်းစွမ်းတမံ ကြိုးစားနေခြင်းသာဖြစ်၏။

ဒီနေ့တော့ သူတည်းတဲ့အိမ်ပေါ်ကနေ လှမ်းမြင်လိုက်တာက တစ်ဖက်ရွာရဲ့ အလှူပွဲသွားတဲ့ ဦးကြီးဘနှင့်ဒေါ်ကြီးသီကိုပင်။ ဒီနေ့က တနဂ်နွေနေ့လည်းဖြစ် ကောင်းရဲ့ဦးလေးနဲ့ဒေါ်လေးလည်း မရှိဘူးဆိုတော့ ကောင်းကိုချည်းကပ်ဖို့အတွက် အခါရက်မြတ်ပင်။

ဒါပေမယ့် ရောက်တော့ ကောင်းရဲ့အိမ်ရှေ့ကွပ်ပျစ်မှာ မိန့်မိန့်ကြီးနဲ့ လက်ဖက်သုတ်ကို အားပါးတရလွေးပြီး ရေနွေးကြမ်းထိုင်သောက်နေတဲ့ ဇီးသီးဆိုသူ မကောင်းဆိုးဝါးမလေးကြောင့် ခဲလေသမျှ သဲရေကျခဲ့ရလေပြီ။ဒါပေမယ့် ချမ်း လက်မလျော့သေးဘဲ......

"ငါ မင်းဆရာလေးနဲ့ ကျောင်းကိစ္စပြောမလို့"

"မရှိဘူးလို့ ကျုပ်ပြောတယ်လေ အလှူရှင်လေးရယ်"

"သူရှိမှန်းသိတယ် .....ငါဝင်လာရမလား သူထွက်လာမလားလို့မေးလိုက်"

"*ကျစ်*"

ဇီသီးရဲ့ သည်းခံမှုဟာ ဒီနေရာတင် ရပ်တန့်သွားလေပြီ။
ကိုင်ထားတဲ့ လက်ဖက်ဇွန်းလေးကို အသာလွှတ်ချလိုက်ပြီး ထိုင်ရာမှ ထလာကာ...

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now