IULM(19)

2.2K 150 8
                                    

[Unicode]

" ကောင်း.....ဒီ suit အဖြူလေး ဝတ်လိုက်ပါကွာ ....နော်"

"ဟင့်အင်း.....ငါ မဝတ်ဘူးနော် .....ငါမှာ အကျီ အသစ်တွေရှိသေးတယ် ....ရှိတဲ့ဟာနဲ့ပဲလိုက်မှာ"

"ကောင်းကလည်းကွာ.....ကိုယ်က designerကို အတင်း အပူကပ်ပြီး ချုပ်ခိုင်းထားတာ .....မင်းအတွက် လုံးဝ သီးသန့်နော်"

"မင်းက ငါ့ကို ဘာမပြော ညာမပြောနဲ့ သွားချုပ်ခိုင်းတာကိုး ....ငါမှ အဲ့လိုဟာတွေ မဝတ်တတ်တာ .....စိတ်ကျဉ်းကျပ်တယ် အဲ့suit တွေက"

White Western Suit ကြီး တစ်ကိုင်ကိုင်နဲ့ အခန်းထဲတွင် ကောင်းကျော်ထက် သွားလေရာနောက်လိုက်ကာ အတင်းဝတ်ခိုင်းနေသော ချမ်းသွေးစစ်။

"နောက်ဆို အဲ့လိုပွဲတွေ ကိုယ်နဲ့အတူ တွဲတက်ရတော့မှာ ...မဝတ်တတ်လည်း အခုကတည်းက ဝတ်တတ်အောင် ကျင့်တော့"

"ချမ်းကကွာ.....ငါ မဝတ်ချင်ဘူးကွ"

"ကောင်း.!!....ကိုယ့်ဘာသာကို ဝတ်မလား ကိုယ်ဝတ်ပေးရမလား"

"**ကျစ်**"

"ကိုယ် ဝတ်ပေးတော့မှာနော်...ကိုယ်လာပြီနော်.....တကယ် ဝတ်ပေးတော့မှာနော်"

"မင်း!!!!ပေးကွာ!!! ပေး....ပေး....."

လူယုတ်မာ အပြုံးကြီးဖြင့် ဝတ်ပေးဖို့ ချောင်းနေတဲ့ ချမ်းတစ်ယောက်‌‌ေကြာင့် ကောင်းခမျာ မဝတ်ချင် ဝတ်ချင်ဖြင့် အမြန်ယူဝတ်လိုက်ရ၏။

ကိုယ် မဝတ်ရင်တောင် သူကိုယ်တိုင် တကယ်ကြီး ဝတ်ပေးမယ့် ငချမ်းအကျင့်ကို သိသည်လေ။

ဒါနဲ့....ကောင်း ချမ်းရှေ့မှာ ဘယ်တော့မှ အဝတ်မလဲပေ။ အမြဲတမ်း ရေချိုးခန်းထဲမှာ တစ်ခါတည်း ဝတ်လာ၏။ အရင်ကတော့ သူငယ်ချင်းတွေဆိုတော့ ခံစားချက်ကို မသိပဲ သူ့ရှေ့လည်း ပေါ့ပေါ့ပါးပါးသာ။ အခု အဲ့လိုနေဖို့က စိတ်ထဲ တစ်မျိုးကြီး ခံစားနေရသည် မဟုတ်ပါလား?။

ဤသို့ဖြင့် နှစ်ယောက်သား suit war ကို ဆင်နွှဲပြီး ဂျာကြီးရဲ့ weddingသို့ သွားရောက်ရန် အိမ်အောက်သို့ ကြွချီလာတော့....

အမယ်....ချီချီတစ်ယောက် ဝါးတီးကုတ်အပြည့်နဲ့ အကျအနကို ဧည့်ခန်းထဲက ဆိုဖာခုံတစ်ခုပေါ် စုပ်လုံးစုပ်ရင်း ဖုန်းကြည့်ပြုံးကာ ထိုင်နေလေ၏။

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now