IULM(13)

2.8K 173 11
                                    

[Zawgyi]

"ချမ်း...ဝေးဝေး သွားကွာ..."

"ကောင်းကလည်း...ဆောင်းတွင်းဘက် ငါ..အရမ်းချမ်းလို့လေကွာ..."

"ဒီခန္ဓာကိုယ်ကြီးနဲ့ ချမ်းတတ်သေးတယ်လား?"

ခြံထဲမှာ ကားရပ်ပြီး အိမ်ထဲကို လာတဲ့ သိပ်မဝေးတဲ့လမ်းမှာ ချမ်းသွေးစစ်တစ်ယောက် အေးတာကို အကြောင်းပြပြီး ကောင်းကျော်ထက် ကျောကို အနောက်မှနေရင်း လိုက်လိုက်ဖက်နေတော့ ကောင်း မျက်နှာပူကာ တွန်း တွန်း ထုတ်နေရ၏။

အကြောင်းသိသော ထက်ချီနဲ့ဟိန်းဇဲ အငယ်နှစ်ယောက်က ပြုံးစိစိဖြင့် ကြည့်နေသလောက် လင်းရှိန်ဝါကတော့ ယိုင်ပြီးပစ်လဲချင်သည့် ခြေထောက်ကို အနိုင်နိုင်သယ်ကာ ခပ်သွက်သွက် အိမ်ထဲဝင်သွား၏။

"ဟာ..ကောင်းကကွာ...ငါချမ်းလို့ပါဆိုနေမှ..."

"ဘေးဖယ်ကွာ...ဘေးနားမှာ လူတွေနဲ့..."

"အဲ့ဒါဆို အဲ့လူတွေ မရှိတော့ရင် ငါဖက်လို့ရတယ်ပေါ့နော်..."

"မင်း!!!....ပြောလေ ဆိုးလေ ပါလား...ချီး..."

"ဟား...ဟား...တွေ့လား အငယ်နှစ်ကောင် ငါ့ ကောင်း ရှက်ရင် ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ..."

ကောင်း ရည်ညွှန်းလိုက်တဲ့ အငယ်နှစ်ကောင်ဆိုတဲ့ နှစ်ယောက်(ချီချီနဲ့ဇဲ)ကို ချမ်းတစ်ယောက် ပြုံးတုံးတုံးဖြင့် အရှေ့က စောင့်စောင့် စောင့်စောင့်ဖြင့် ထွက်သွားသော ကောင်းကို မေးငေါ့ပြပြီး  ကြွားဖြစ်အောင် ကြွားပစ်လိုက်သေး၏။

"ကောင်း....မင်း..."

အိမ်ထဲ အဝင်ဝရောက်တော့ နောက်ကျောပေးကာ အဝမှာရပ်နေတဲ့ ကောင်းကို ချမ်းတစ်ယောက် အိမ်ထဲ မဝင်ဘူးလားလို့ မေးမည့်ဆဲဆဲ ဧည့်ခန်းထဲ အကြည့်ရောက်သွားတော့ တွေ့လိုက်ရသည်က ကျေးဇူးရှင်ဖခင်ကြီး ဦးနောင်ရဲစစ်။

"ချမ်းသွေး..."

"အဖေ...ဟက်! ...သားကိုမှတ်မိသေးတယ်ပေါ့..."

"နေရာတော်တော်များများတွေမှာ ငါ့သားပုံတွေချည်းဘဲ တွေ့နေရတာ...မမှတ်မိဘဲနေပါ့မလား.."

"ဟား...ဟုတ်သားဘဲဗျာ...ကျွန်တော် ကိုယ့်ကိုယ်ကို အထင်ကြီးမိတော့မလို့..."

ငါ့ကိုချစ်ရင်...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now