IULM(20)

1.5K 116 7
                                    

UNICODE

ဒီနေ့ A-Bomb ရဲ့ ပထမဆုံး Asia Concert စတင်သည့်နေ့ဖြစ်သည်။ ပထမဆုံးသောပွဲရက်ကို ဘန်ကောက်တွင် စတင်၏။

ပြည်ပမှာ Fanmeetingလို Concertအသေးစားတွေလို လုပ်ခဲ့ပေမယ့် ဒီလိုကြီးကြီးမားမား Concertတွေက ပထမဆုံးပဲမို့လို့ memberတွေအားလုံး စိတ်လှုပ်ရှားမှု အပြည့်။

Back stageတွင်ဖြစ်သည်။

"ကိုကောင်း ကျွန်တော် ကကွက်တွေမှားရင် ဘယ်လိုလုပ်မလဲ??"

လက်သည်းထိပ်လေးတွေ တတိတိကိုက်ကာ ပြောလာသော ချီချီ။

တခြား memberတွေ make upပြင်ဆင်နေခြင်းကြောင့် အစောကြီးပြီးသော ချီချီတစ်ယောက်ကို ကောင်း အဖော်ပြုပေးနေခြင်းပင်။

"မမှားပါဘူး ...ချီချီက ဒီလောက်တော်တာကို....မှားစရာလားကွာ...ဟင်"

"ကိုကောင်းက ကျွန်တော့်ကို မြှောက်ပြောနေတာမလား?"

"ဟ...တကယ်ပြောနေတာပါကွာ...ထက်ချီဆိုတာ A-Bombရဲ့ မရှိမဖြစ်လေးလေ..."

နှုတ်ခမ်းလေးဆူကာ အလိုမကျသလိုဖြစ်နေတဲ့ ချီချီကို ကောင်း ပခုံးလေးဖက်ကာ အသာအယာနှစ်သိမ့်နေခိုက်....

"ချမ်း!!"

ချီချီ ပခုံးထက်က ကောင်းရဲ့လက်ကို ဆက်ခနဲဆို ဆွဲဖယ်လိုက်သော ချမ်းသွေးစစ်ကြောင့် ကောင်း အော်လိုက်ခြင်းဖြစ်၏။

နဲနဲ အသံကျယ်သွားသယောင် ထင်ရလို့ ဘေးဘီဝဲယာတစ်ချက်ဝေ့ကြည့်ရင်း....

"မင်းဘယ်လိုလုပ်လိုက်တာလဲ?"

ကောင်းအပြောကို မျက်ခုံးအစုံသာပင့်ပြပြီး….

ထက်ချီဘက်လှည့်ကာ ချမ်း ရန်ထောင်နေလိုက်၏။

"မင်း ငါ့ရဲ့ကောင်း ဖက်တာခံချင်လို့ ဉာဏ်ဆင်နေတာမလား?"

အမှန်တော့ သူမနာလိုလို့မဟုတ်ပါ။ ဒီအတိုင်း အငယ်ဆုံးလေးကို ချစ်လို့ စချင်ရုံသာ။

ချီချီ ငြိမ်ခံမယ် ထင်ပါသလား....ထုံးစံအတိုင်း ပြန်ခံပြောပြီလေ။

"ဘာမှဟုတ်ဘူး !!!....ပြီးတော့ ကျွန်တော့်မှာ မ ရှိတယ်"

"ဘာ မ လဲ? သရဲမလား?"

ငါ့ကုိခ်စ္ရင္...{Completed}ငါ့ကိုချစ်ရင်...[Z+U]Where stories live. Discover now