Part 39

31.3K 2.1K 225
                                    

မချစ်ရင်
~~~~~

"မင်းသေမှအိမ်ပြန်လို့ရမယ်"ဆိုတာ ကိုယ့်ရဲ့ရူးကြောင်ကြောင်စကားပါသွန်းငယ်ရယ်။
အဲ့ဒါကအခုလို အတည်ဖြစ်သွားဖို့မှမဟုတ်တာ။
အလိမ်အညာစကားတွေကို မင်းဘက်ကလိုက်ဖြည့်ဆည်းဖို့မှမလိုတာ။
ဘာလို့လဲသွန်းငယ်ရယ်။
ကိုယ့်ကိုဒဏ်ခတ်လိုက်တာလား။
ဟင် ကိုယ့်ကိုပေးဆပ်ခိုင်းတဲ့ အပြစ်ဒဏ်လား။
ကိုယ့်ကြောင့်နာကျင်ခဲ့ရတာတွေအတွက် ဒါကမင်းဘက်ကတုန့်ပြန်မှုလား။
အဆုံးသတ်တွေကို ကိုယ်ပဲဖန်တီးချင်တာသွန်းငယ်ရဲ့။

ဒီအဆုံးသတ်က အကျည်းတန်စေလို့ ကိုယ်ရပ်တန့်ပစ်ချင်တယ်။
ဒီနေရာမှာ မင်းရှိနေလို့ ကိုယ်ဆက်ရပ်နေခဲ့တာ။
မင်းကိုခေါ်ပြီးအဝေးစီထွက်ပြေးသွားချင်တာ။

မင်းတစ်ယောက်ထဲကိုတော့ ခွင့်မပြုချင်ဘူး။
မင်းကို လက်မလွှတ်နိုင်ဘူးကလေးငယ်။
ကိုယ်တို့အတူသွားကြမလား။
ဘယ်တော့မှမခွဲဘဲ သံသရာအဆုံးထိ အတူရှိနေချင်လား။

"ခင်ဗျား ဒီနေရာက ထသင့်နေပြီဦးစက်အာကာ"

"ဘာလို့လဲ…ငါသွန်းငယ်အနားမှာနေချင်သေးတယ်
သွန်းငယ်ကို ငါကြည့်နေချင်သေးတယ်
ငါ့ကလေးကို ငါရူးတော့မလိုလွမ်းခဲ့ရတာ
အရမ်းတွေ့ချင်ခဲ့တာ"

"ခင်ဗျားသာ အချိန်မှီပြန်လာခဲ့ရင်
သူအခုလိုထွက်သွားရမှာမဟုတ်ဘူး
ကျနော်ကလေ ကျနော်ချစ်ခင်ရတဲ့သူတွေ ကျနော့်လက်ပေါ်မှာ အဆုံးသတ်မှာကို ကြောက်ခဲ့တာ
ဒါပထမဦးဆုံးအကြိမ် ကျနော်ကိုယ်တွေ့မြင်ခဲ့ရတာ"

"ငါမျှော်လင့်ခဲ့တာ ဒီအနေအထားမဟုတ်ဘူး
သွန်းငယ်က ဒီပုံစံနဲ့မဟုတ်ဘဲ ငါ့ကိုချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ကြိုနေမယ်ထင်ခဲ့တာ
သူကတော့ ငါ့ကိုထားမသွားဘူးလို့ ယုံကြည်ခဲ့တာ
ငါ့အမှားတွေအတွက် သွန်းငယ်ကျေနပ်တဲ့အထိပေးဆပ်ပြီး နှစ်ယောက်အတူပျော်ရွှင်ချင်ခဲ့တာ
သူချစ်သလို ငါလဲသိပ်ချစ်ခဲ့တာပါ"

"သူ့ရဲ့နောက်ဆုံးအချိန်ထိ ခင်ဗျားကိုချစ်နေတယ်ထင်လို့လား……မှားတယ် ဦးစက်အာကာ
သူက ခင်ဗျားကိုသိပ်မုန်းနေပြီ သူကိုယ်တိုင်ပြောချင်ပေမဲ့
သူမပြောနိုင်တော့လို့ မှာခဲ့တယ် တနေ့ခင်ဗျားပြန်ရောက်လာရင် သူကမုန်းနေပြီဆိုတဲ့အကြောင်းပြောပေးပါတဲ့
ဒါပေမဲ့ ဒီအရူးလေးက ခင်ဗျားကို အရမ်းတွေ့သွားချင်ခဲ့တာ သူကခင်ဗျားလက်ပေါ်မှာ အိပ်စက်ချင်ခဲ့တာ"

💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)Where stories live. Discover now