Part 20

23.8K 2K 225
                                    

မချစ်ရင်
~~~~~

အိမ်ပြန်ရောက်လာပြီး သတိလစ်သွားသည့်သွန်းငယ်ကြောင့် မိုးချုပ်မှ ဆရာဝန်ခေါ်ရသည်။
သွေးထွက်လွန်ထားသည်ဟု ဆရာဝန်ကပြောတာကြောင့်
သွန်းငယ်ခေါင်းကဒဏ်ရာစီအကြည့်ရောက်သွားသည်။
စက်လုပ်လိုက်တာ ကြီးကြီးမားမားဒဏ်ရာမဟုတ်တာကို
သေချာသိသည်။

ဆရာဝန်ကိုဦးနိုင်ပဲပြန်လိုက်ပို့ခိုင်းပြီး
အခန်းထဲ၌သာနေခဲ့လိုက်သည်။
ဖြူခြောက်နေသည့်သွန်းငယ်နှုတ်ခမ်းလေးပေါ်အား
ရေဝတ်လေးဖြင့် ခပ်ဖွဖွတို့ထိပေးလိုက်သည်။

"ဟင်း တစ်ခုခုဆိုတာနဲ့ လူကလဲပျော့လိုက်တာ
ဒါနဲ့များ ငါ့ကိုရွေးရသေးလား"

နှဖူးပေါ်ကဆံပင်လေးတွေသပ်တင်ပေးလိုက်ပြီး
အနမ်းပေးကာ အခန်းထဲကထွက်လာခဲ့သည်။

"အကိုလေး ဘာလိုတာရှိလို့လဲ"

"ရတယ်ဦးနိုင်
နားတော့လေ ကျနော့်ကိုဂရုစိုက်မနေနဲ့ အေးဆေးနားပါ"

"ဟုတ်ကဲ့အကိုလေး"

စက်မီးဖိုချောင်ထဲဝင်လာခဲ့သည်။
ဦးနိုင်ဝယ်ထည့်ထားသည့်ဆတ်ရှိတာမို့ ဆန်ပြုတ်လုပ်ဖို့ပြင်လိုက်သည်။
သွန်းငယ်ကြည့်ရတာ တနေကုန်ဘာမှစားထားသည့်ဟန်လဲမရှိ။
သူ့ကိုခိုင်းမယ်စိတ်ကူးထားပြီးမှ ကိုယ်ကပဲဦးအောင်ပြန်လုပ်ပေးနေရသည်။

အသားထည့်စရာမရှိပေမဲ့ ကြက်သွန်တို့နှင့် မွှေးအောင်လုပ်ထားတာမို့ ဆန်ပြုတ်က စားလို့တော့ အဆင်ပြေနိုင်သည်။
အပေါ်ပြန်တက်မယ်ပြင်ပြီးမှ ဧည့်ခန်းဆိုဖာပေါ်က
အထုပ်ကိုမြင်လိုက်တာမို့ သွားယူလိုက်သည်။

ဒါသွန်းငယ်ဝင်လာတုန်းက လက်ထဲမှာကိုင်လာတာဖြစ်သည်။
အခန်းထဲပြန်ဝင်လာခဲ့ပြီး ဆန်ပြုတ်ပန်းကန်ကိုစားပွဲပေါ်တင်ထားလိုက်သည်။

စောစောကအိတ်ကိုဖွင့်ကြည့်တော့ ဆေးကဒ်တွေပဲတွေ့တာမို့ ပြန်ထည့်ထားလိုက်သည်။
လူကသေးသေးလေးမို့ အားဆေးသောက်ဖို့ မာယာခင်ပေးလိုက်တာပဲဖြစ်မည်။

သေချာပေါက် အားဆေးသောက်ရမှာပေါ့။
သွန်းငယ်အားရှိနေမှ စက်ငြင်းဆဲသမျှဒဏ်ကိုခံနိုင်မှာမဟုတ်လား။

💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)Where stories live. Discover now