မချစ်ရင်
~~~~~စက်မနက်လင်းမှ အခန်းထဲပြန်ဝင်လာခဲ့သည်။
အိပ်ယာပေါ်တွင် သွန်းငယ်ရှိမနေတာမို့ မျက်မှောင်ကျုံ့လိုက်မိသည်။
ဒီကောင်လေး ထွက်ပြေးသွားတာလား။အခန်းထဲမျက်လုံးကစားကြည့်တော့မှာ ဖိနပ်ဘီဒိုကိုမှီကာထောင့်တွင်အိပ်ပျော်နေသည်။
ဒီကောင်လေး အောက်ကအေးတာကို ခုတင်ပေါ်မအိပ်ဘဲနဲ့။"ဟေ့......သွန်းငယ်
ထစမ်း......"ဘီဒိုကိုခြေထောက်နဲ့ကန်လိုက်တော့မှ ခေါင်းထောင်ကြည့်လာသည်။
"ဦး"
"မင်းအိပ်စရာရှားလို့လား
နေမကောင်းဖြစ်ရင် သောက်လုပ်ကရှုပ်အုံးမယ်""ဦး ညကဘယ်မှာအိပ်လဲဟင်"
"ငါ့ဟာငါဘယ်အိပ်အိပ်ပေါ့ ဒါငါ့အိမ် မင်းပူစရာမလိုဘူး"
"အခန်းထဲမှာသားရှိလို့ မအိပ်ချင်ရင်
သားအပြင်ထွက်အိပ်ပေးပါ့မယ် ဦးကဒီမှာပဲအိပ်ပါ""မင်းကိစ္စမဟုတ်လို့ ငါ့ကိုလာပြီးဆရာမလုပ်နဲ့
လက်ထပ်ပွဲအတွက် ပြင်ဆင်ရမယ်
နေရာကထလာပြီး ရေချိုးခန်းထဲလိုက်ခဲ့"ပြူးဝိုင်းသွားသည့် မျက်လုံးလေးတွေကို လျစ်လျူရှုကာ
ရေချိုးခန်းထဲဝင်လာခဲ့သည်။
တစ်ခုခုဆို အံ့သြသွားတဲ့ အဲ့ဒီမျက်နှာက စိတ်တိုစရာကောင်းသည်။
💙ညကဦးလဲအခန်းထဲပြန်ဝင်မလာသလို
သွန်းငယ်လဲ အခန်းထောင့်တွင်သာ ခေါင်းအုံးပိုက်ကာမှီရင်းအိပ်ပျော်သွားခဲ့သည်။အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတုန်း ဦးအသံကြောင့်
မျက်လုံးဖွင့်ကြည့်မိတော့ သွန်းငယ်ကို မျက်မှောင်ကျုံ့၍ကြည့်နေပြန်သည်။
မနက်စောစောမှာ ဦးဘာတွေအလိုမကျဖြစ်နေရတာလဲ။အောက်မှာဖြစ်သလိုအိပ်လို့ သွန်းငယ်ကိုစိုးရိမ်ပေးတာမဟုတ်ဘဲ နေမကောင်းရင် အလုပ်ရှုပ်သည်ဟုပြောကာ
ဆူလာပြန်သည်။
ှီုဦးကိုစိတ်မကြည်အောင်လုပ်တာ သွန်းငယ်ပဲထင်သည်။လက်ထပ်ပွဲအတွက်ပြင်ဆင်ရအုံးမည်ဟုပြောကာ
ရေချိုးခန်းထဲဝင်သွားသည့်ဦးကိုငေးကြည့်ရင်း
သွန်းငယ်နေရာကမထမိသေး။
လက်ထပ်ပွဲဆိုတော့......ဦးကသွန်းငယ်ကို လူသိရှင်ကြားလက်ထပ်မှာလား။
သွန်းငယ်ထင်မိတာက မုန်းတဲ့လူတစ်ယောက်က နှိပ်စက်ချင်ယုံအပြင် ဘာမှထပ်မလုပ်ပေးဘူးလို့ထင်ခဲ့သည်။
ဦးကသွန်းငယ်ကိုလက်ထပ်တာ မုန်းတာအပြင် တခြားစိတ်လေးများရှိရင် ကောင်းမည်။
နည်းနည်းလေးဖြစ်ဖြစ် ချစ်ခဲ့ရင်။
YOU ARE READING
💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)
Romanceမချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်...... မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်......(24.9.2020)