Part 15

23.8K 1.9K 187
                                    

မချစ်ရင်
~~~~~

"ဟင်း……ဟင်း……"

"ဦး……ဟင့်……ချမ်းတယ်"

စက်ခဏအိပ်ပျော်သွားခိုက် နားထဲကြားရသည့် ငြီးသံကြောင့် ခေါင်းထောင်ကြည့်လိုက်တော့
ခုတင်ပေါ်မှ ကလေးငယ်သည် စောင်တွေတခြားစီဖြစ်ပြီး
ချမ်းသည်သာပြောနေသည်။
ကြည့်ရတာ စောင်ယူပြီးခြုံဖို့တောင် လှုပ်လို့ရမည်မထင်တော့။

ခုတင်ပေါ်တက်သွားပြီး စောင်ပြန်ခြုံပေးလိုက်ရသည်။
ှိနှဖူးကိုစမ်းကြည့်တော့ ပူခြစ်တောက်နေသည်။
ကောင်လေးတော်တော်ဖျားနေတာပဲ။

"ဦး……ချမ်းတယ် နာတယ်"

"အင်း……ခဏလေး ကိုယ်တိုက်မယ်"

"ဟင်း……ဟင်း……မသောက်ချင်ဘူး
သားအိပ်ချင်နေသေးတယ်"

"အိပ်လိုက် အဲ့ဒါဆို ကိုယ်ဆန်ပြုတ်သွားလုပ်လိုက်အုံးမယ်"

"မလုပ်နဲ့ ဟင့်……သားနဲ့နေပေး
ဦးထွက်သွားမလို့လား"

"မဟုတ်တာကွာ ကဲ အိပ် ကိုယ်ဖက်ထားပေးမယ်"

နွေးနေသည့် ကိုယ်လေးအား ဖက်ထားပေးလိုက်တော့
တအင်းအင်းပြန်အိပ်ပျော်သွားသည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမှ ရေချိုးခန်းထဲဝင်လာခဲ့ပြီး
ရေပတ်တိုက်ပေးဖို့လုပ်ရပြန်သည်။

တစ်ကြိမ်ထဲနဲ့ထိုကလေးလန့်သွားရင်
အဆင်မပြေဖြစ်ရလိမ့်မည်။
အခုလိုအခြေအနေဖြစ်တာကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင် မာယာခင်တို့က သေချာပေါက်စိတ်မချဖြစ်ကာ
ရအောင်ပြန်ခေါ်သွားပေလိမ့်မည်။

ရေဝတ်ဖြင့် နှဖူးပေါ်တင်ပေးပြီးနောက် အစောကလောက်တော့မပူတော့။
မိုးလဲလင်းခါနီးနေပြီမို့ မအိပ်တော့ဘဲ
အောက်ဆင်းလာခဲ့သည်။

တခါမှ မဝင်ဖူးသည့် မီးဖိုချောင်စီလှမ်းခဲ့ပြီး
မနက်စာတစ်ခုခုစီစဉ်ရန်ရှာကြည့်မိသည်။

"အကိုလေး……အစောကြီးနိုးနေတာလား
ဘာရှာနေတာလဲ"

"အိပ်မပျော်တော့လို့ပါ
ဦးနိုင်လဲနိုးပြီဆိုတော့ မနက်စာဝယ်ရင်း
သွန်းငယ်အတွက် ဆန်ပြုတ်ဝယ်လာခဲ့ပေးပါ"

💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)Where stories live. Discover now