Extra 3

11.3K 532 64
                                    

~မချစ်ရင်~

"ကလေး ဘာတွေပြုံးနေတာလဲ"

"အတွဲတွေပြတ်တယ်ဆိုတဲ့ လမှာ ဦးနဲ့ရန်ဖြစ်ခဲ့ပေမဲ့
အခုထိ စိတ်ရှည်လက်ရှည်လိုက်ချော့ပြီး မပြတ်ခဲ့တာတွေးမိလို့ပါ ဟီး … ဟီး…"

"ပြတ်စရာလား ကလေးရယ်
ဦးက မင်းလေးကို လက်လွှတ်ခံမယ်ထင်လို့လား"

"ဒါပေမဲ့ သွန်းငယ်က အခုဆို အရင်ကထက်တောင် ပိုပြီးဆိုးလာတယ်မဟုတ်လား…ဦး မေမေကတောင် ငြိုငြင်နေပြီကို"

"ဘယ်ကလာ ကလေးရယ်
မေမေက ကလေးကိုမငြိုငြင်ပါဘူး
ဦးကိုနိုင်တဲ့သူပေါ်လာတာကောင်းတယ်ပဲပြောနေတာ"

"ဟုတ်လို့လား ဟိုနေ့က သွန်းငယ်ကို ဆိုးတယ်လို့ပြောနေတာ ကြားလိုက်တယ်"

"ဆိုးတာကောင်းတယ်တဲ့ ဒါမှ ဦးကမင်းကိုမနိုင်မှာတဲ့…
မနက်ဖြန်ပဲ လက်ထပ်ရတော့မယ်ကလေးရယ် ပေါက်ကရတွေတွေးမနေနဲ့"

"ဦးမေမေက သဘောမကျမှာစိုးလို့ပါ"

"အဖေနဲ့အမေက မင်းလေးကို သဘောကျလို့ပဲ
လက်ထပ်ဖို့အတွက် ဒီအထိရောက်လာပြီလေ
အခုလဲ ခင်ဗျားလေးကို မနက်ဖြန်ကျ လက်ဆောင်ပေးဖို့ဆိုပြီး ရတနာဆိုင်သွားကြတယ် သမက်ငဂျစ်ကိုဘာတွေများပေးမလဲမသိဘူး"

"ဘာမှမပေးလဲ အမေတို့ကိုကျေးဇူးတင်ပါတယ်
ဦးတစ်ယောက်လုံးကို အပိုင်ပေးထားပြီပဲ"

"ဆိုတော့…ကိုယ်ကလွဲရင် မင်းလေးက ဘာမှမလိုချင်ဘူးပေါ့"

"လိုချင်ပေါ့……"

"ဟောဗျာ ဘာထပ်လိုချင်သေးလို့လဲကိုယ့်အသက်လေးရဲ့"

"ဦးရဲ့အချစ်တွေပေါ့ဗျ"

ရုတ်တရက်ကြီး ခါးကနေဆွဲမြှောက်လိုက်တာမို့ လန့်သွားရသည်။
ဒီအဘိုးကြီးကတော့လေ မပြောမဆိုနဲ့။
အခုလဲ အကျယ်ကြီးရယ်ပြီး ဘာမှမပြောဘဲ လူကိုပွေ့ယမ်းနေပြီ။

"တော်တော့ဗျ မူးလာပြီ"

"ဘာလို့လူကို အသည်းယားအောင်လုပ်နေတာလဲ
မင်းလေးကို အကောင်လိုက်မျိုချမိတော့မှာပဲသွန်းငယ်ရယ်"

"မျိုချလိုက် ခြေထောက်ကနေ"

"ခေါင်းကနေမျိုချမှာ မအော်နိုင်အောင်လို့"

💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)Where stories live. Discover now