Part 3

27.4K 2.6K 210
                                    

မချစ်ရင်
~~~~~

"ဦး......"

"သွန်းငယ်ကလာပြီလား ကိုယ်ကအခုမှရေချိုးမလို့"

"ဟုတ် ရတယ်ဗျ ဦးချိုးပါ
သားဧည့်ခန်းမှာထိုင်စောင့်နေမယ်"

"ပျင်းနေလိမ့်မယ် အခန်းထဲလိုက်ကြည့်လေ
စာအုပ်တွေဘာတွေဖတ်လို့လဲရတာပေါ့"

"အဲ့လိုရလား သားကဦးအိမ်ကို အပေါ်ထပ်တွေကြည့်ချင်နေတာ"

"ရပါတယ် သွန်းငယ်ရဲ့
နောက်ရက်မှ အပေါ်ထပ်အထိလိုက်ပြမယ်
ဒီနေ့ကိုယ့်အခန်းပဲကြည့်ပေါ့"

"ဟုတ် ဦး"

သွန်းငယ်ပြန်သွားကတည်းက အလုပ်ကိစ္စတွေ ငြိနေတာနဲ့ မနက်ကအဝတ်စားတောင်မလဲရသေး။
ရေချိုးဖို့ အပေါ်တက်ခါနီး သွန်းငယ်ရောက်လာနဲ့ အခန်းထဲလိုက်ဖို့ခေါ်ဖြစ်သွားသည်။
စက်အခန်းကို သူစိမ်းဝင်တာမကြိုက်သော်လည်း
ဒီကောင်လေးက မဖြစ်မနေမို့ ခေါ်မိခြင်း။

ရှေ့ကနေ မြှောက်ကြွ မြှောက်ကြွတက်သွားသည့်
သွန်းငယ်ကိုကြည့်ကာ စက်ပြုံးမိသည်။
အဖြူထည်လေးတွေက အရောင်ဆိုးရအလွယ်ဆုံးပါပဲလား။

"ဦး......ဦးအခန်းက ဘယ်အခန်းလဲဟင်"

"ရှေ့တည့်တည့်ကအခန်းသွန်းငယ်
ဝင်သွားလိုက် ကိုယ်စာကြည့်ခန်းခဏဝင်ပြီးလာခဲ့မယ်"

"ဟုတ် ဦး"

အခန်းတံခါးဖွင့်ဝင်သွားသည့် သွန်းငယ်ဟာ
စက်ကို လုံးဝယုံကြည်ဟန်ရှိသည်။
မင်းတော့ ကျားရှေ့မှောက်ယက်လဲတာပဲ သွန်းငယ်။
ဒါပေမဲ့ မပူပါနဲ့ မင်းဆန္ဒမပါဘဲ ကိုယ်ကမယုတ်မာသေးဘူး။

စာကြည့်ခန်းထဲက နာမည်ကြီး ဝတ္ထုတစ်အုပ်ကိုယူလာခဲ့သည်။
အထူးသဖြင့် ထိုစာအုပ်သည် ယောကျာ်းလေးနှစ်ယောက်ကြားက ဖြစ်တည်လာသော ချစ်ခြင်းကိုပုံဖော်ထားခြင်း။

"သွန်းငယ်"

"ဦးလာပြီ......ဦးအခန်းက မိုက်လိုက်တာသိလား
ဒါနဲ့ ဦးက ဘာလို့ အနီရောင်တွေသုံးတာလဲ
အဖြူလေးဆို ပိုလှမှာ"

"ဖြူစင်တာကို ကိုယ်မကြိုက်ဘူးသွန်းငယ်
ဖြူစင်ရင် လူတွေက အခွင့်အရေးယူချင်ကြတယ်"

💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)Where stories live. Discover now