Part 24

31.4K 2K 158
                                    

မချစ်ရင်
~~~~~

"ဦး......"

"အိပ်တော့သွန်းငယ်ရယ်
မင်းမွေးနေ့မှာ ကိုယ်မဆူချင်ဘူး"

"သွန်းငယ်အတွက် ဦးကဘာမှမပေးနိုင်ဘူးပေါ့"

"မင်းတခြားဘာလိုချင်တာရှိလဲ မနက်ဖြန်လိုက်ဝယ်ပေးမယ်"

"ဘာလို့လဲ သွန်းငယ်ကိုမလိုချင်လို့လား
သွန်းငယ် ကလေးမဟုတ်တော့ဘူးလေ
ဦးလိုချင်သလောက်ပေးနိုင်ပါတယ် ဦးစိတ်ကျေနပ်တဲ့အထိယူလို့ရပါတယ်"

"ငါမှမလိုချင်ဘဲသွန်းငယ် အခုလိုမင်းထိုးကျွေးနေတာကို ငါမသတီဘူး လွယ်တဲ့အရာတွေ ငါဘာတစ်ခုမှမကြိုက်ဘူး"

"လွယ်တယ် လွယ်တာပေါ့ ဟုတ်တယ်
သွန်းငယ်ကအရမ်းလွယ်ခဲ့တာ လွယ်အောင်လဲ ဦးပဲပြုစားခဲ့တာလေ...သားကိုယူခဲ့ပြီးက ဘာလို့မိန်းမယူမှာလဲ
ဦးကမျက်နှာများတဲ့လူစားလား အိမ်ထောင်တစ်ခုကို
ပစ်စလက်ခတ်လုစ်ဖို့အထိ ဦးကကိုယ်ကျင့်သိက္ခာယုတ်တဲ့လူလား"

"သွန်းငယ် မင်းငါ့ကိုမစော်ကားနဲ့
အေး ရတယ် မင်းကိုလုပ်စေချင်တယ်မဟုတ်လား
ရတယ် မင်းကိုငါညှာမှာမဟုတ်လို့ မျက်ရည်ကျဖို့မစဉ်းစားနဲ့"

ရိုင်းသည်မဟုတ်သော်လည်း
နားဝင်ဆိုးစေသည့်ဦးစကားလုံးတွေကြောင့် နာကျင်ရပါသည်။
တကယ်ပဲ သွန်းငယ်ကို မိန်းမတစ်ယောက်အတွက်စွန့်ပစ်မည်ထင်သည်။

အိပ်ယာပေါ် တွန်းချခံလိုက်ရတာမို့ ကျောအောင့်သွားသည်။
ဦးကအပြောနဲ့လက်တွေ့ ထပ်တူကျစေမည်ထင်သည်။
ရပါတယ်...... ဒါကသွန်းငယ်ဖြစ်စေချင်ခဲ့တာပဲ။
ဦးဘက်က နည်းနည်းလေးဖြစ်ဖြစ် စိတ်ရှိရင်တောင်ဖြစ်တာမို့ နာလဲတစ်ရက်နှစ်ရက်ပေါ့။

ရေချိုးပြီးဝတ်ထားသည့် အကျီ င်္နဲ့ဘောင်းဘီက ဦးလက်ချက်ကြောင့် ခုတင်အောက်ကိုကျလို့။
ဗလာကျင်းနေသည့် ဦးခန္ဓာကိုယ်အားကြည့်မိတော့
မျက်နှာပူစွာ လွှဲလိုက်မိသည်။

"အာ့......"

မျက်နှာကိုခပ်ကြမ်းကြမ်းဆွဲလှည့်ခံရပြန်သည်။

"အဟက် ဘာလဲ အခုမှကြောက်နေတာလားငါ့ကိုပဲကြည့်လေ မင်းအပေါ် ယောကျာ်းဆန်ဆန်ပြုမူမဲ့ငါ့ကိုပဲကြည့်စမ်းပါ"

💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)Where stories live. Discover now