Part 2

33.1K 2.8K 133
                                    

မချစ်ရင်
~~~~~

တဖက်ခြံဝင်းကျယ်ရှေ့ရပ်၍ အထဲသို့ အခြေအနေလှမ်းကြည့်မိသည်။
လူလဲမရှိတာမို့ လှည့်ပဲပြန်ရမလို။
ခုနကလေးတင် လူသံကြားပြီး အခုကျ အရိပ်တောင်မမြင်ရ။

"အယ်……တံခါးပွင့်နေတာပဲ"

လူဝင်ရယုံတံခါးလေးကိုကိုင်လိုက်တော့ ပွင့်သွားတာမို့
သုတဝင်လာခဲ့သည်။
တုံ့နှေးနှေးလျှောက်ခဲ့ရင်း အိမ်နားရောက်လာတော့ ကားရေဆေးနေသည့် ဦးလေးကြီးတစ်ယောက်ကိုတွေ့သည်။

"ဦးလေးကြီးဗျ"

"ဟေ……ကောင်လေး မင်းဘယ်လိုဝင်လာတာလဲ"

"မနေ့က ဦးလေးကြီးပဲ
သားကိုမှတ်မိလား မနေ့ကကားနဲ့နည်းနည်းတိုက်မိမလိုဖြစ်သွားတာလေ"

"မင်းဘယ်သူပဲဖြစ်ဖြစ်ပါ ဒီအိမ်ကို ဘာလာလုပ်တာလဲ"

"ဟိုလေ သားကြက်တောင်လေးကျသွားလို့ လာယူတာပါ
အဲ့ဒါဒီဘက်ကလူက သူ့ကိုမှန်လို့ လာတောင်းပန်ပါဆိုတာကြောင့်ပါ"

"အကိုလေးကလား……ခဏလေးစောင့် အဲ့ဒါဆို ဦးလေးသွားပြောလိုက်မယ်"

"ဟုတ်"

ဦးလေးကြီးက အိမ်ထဲဝင်သွားသည်မို့ သုတလဲ ဘေးနားက အုတ်ဘောင်လေးပေါ်ထိုင်နေရင်း အိမ်ကြီးကိုကြည့်နေမိသည်။
အရမ်းချမ်းသာပုံရသည်။
အိမ်တံခါးဘေးနားက ကျားရုပ်တုကြီးတွေကလဲ ဟိန်းလို့။
သေချာကြည့်ရင်အစစ်လို့တောင်ထင်ရမည်။
ကားရပ်သည်ဆင်ဝင်ကလဲ အမြင့်ကြီး။
တိုက်အဖြူကြီးကလဲ အနီးကပ်မြင်မှ ပိုပြီးတောင် ခမ်းနားနေသေးသည်။
တစ်စွန်းတစ်စသာလှမ်းမြင်ရသည့် ရေကူးကန်ကလဲ သုတစိတ်ကိုစွဲဆောင်လှသည်။
အနားထိသွားကြည့်ချင်သော်လည်း သူများအိမ်ဆိုတော့ မသွားရဲ။

"အဟမ်း"

"အယ်"

တံခါးဝတွင်ပေါ်လာသည့် လူကြောင့် သုတအုတ်ခုံလေးပေါ်ကဆင်းလိုက်သည်။

"ဦး…ခုနက သားကြောင့် မှန်သွားရင် တောင်းပန်ပါတယ်ဗျ
သားကြက်တောင်လေးတော့ ပြန်ပေးပါ"

"မင်းအသက် ဘယ်လောက်လဲ ချာတိတ်"

"ဗျာ ဟုတ်သား17နှစ်ပြည့်ဖို့ လေးလလိုပါသေးတယ်ဗျ"

💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)Tahanan ng mga kuwento. Tumuklas ngayon