မချစ်ရင်
~~~~"သွန်းငယ် ပြောပါအုံး ကိုယ့်ကိုဘာလို့စိတ်ဆိုးတာလဲ"
သွန်းငယ်တို့အိမ်မှာ ညနေစာစားသွားပါဆိုတာကြောင့်
စားခဲ့ရသည်။
အခုလဲ အိမ်ပြန်တာကို လိုက်ပို့ပေးသည့် သွန်းငယ်က
ဆူးစူးသွားသည့်လက်ကို ကိုင်ကာ စိတ်မကောင်းဖြစ်နေပြန်သည်။"သွန်းငယ် ကိုယ်မေးတာဖြေအုံးလေကွာ
လက်ကိုပဲကြည့်မနေနဲ့""ခုနက ဦးထမင်းစားတော့ သားကြည့်နေတာ
ဇွန်းသိပ်မကိုင်နိုင်သလိုပဲ""အင်း အဲ့ဒါမို့ သွန်းငယ်တို့အိမ်မှာမစားဘူးပြောတာလေ
လက်ကစားလို့အဆင်မပြေလို့""မနက်ကျ သားလာခဲ့မယ်လေ ဦးမနက်စာစားခါနီး"
"လာမယ် ဘာလုပ်ဖို့လဲ"
"ဦးလက်က စားလို့မှအဆင်မပြေတာ သားခွံ့ကျွေးမလို့"
"အော……အဲ့လိုဆို အဆင်ပြေတာပေါ့"
"ဟုတ် သားအိမ်ထဲထိလိုက်မပို့တော့ဘူးဦး
ပြန်တော့မယ်""နေအုံးလေ ကိုယ်မေးတာဖြေအုံး"
"ဦးကိုစိတ်ဆိုးတာထက် စိတ်မကောင်းဖြစ်လို့ပါ
သားကသားချစ်တဲ့လူတွေကို ဆုံးရှုံးရမှာ တကယ်ကြောက်တယ်""ဘာကိုစိတ်မကောင်းဖြစ်တာလဲ
ပြီးတော့ ကိုယ်မိန်းမယူမယ်ဆိုတာကရောဘာလဲ""သားဟိုနေ့က ဦးကိုအန်တီလှလှတစ်ယောက်နဲ့တွေ့တယ် ဖိုးဖိုးကုမ္မဏီမှာ"
"သွန်းငယ် ဖိုးဖိုးကုမ္မဏီ ဘယ်ဟာလဲသွန်းငယ်ရဲ့"
"G Groundလေ ဖိုးဖိုးဦးမင်းမြတ်
အဲ့မှာ ဦးကိုတွေ့တာ ဦးကသားကိုတောင်မမြင်ဘူး
အဲ့အန်တီနဲ့ပဲပြုံးနေတာ""အဲ့ဒါက ကိုယ့်လုပ်ဖော်ကိုင်ဖက်ပါ
သွန်းငယ်ကိုဘယ်သူပြောလဲ
ကိုယ်လက်ထပ်မဲ့သူပါလို့က""မေမေပြောတာ
ဦးလဲ ဒီအသက်အရွယ်ရောက်နေပီဆိုတော့
ိအိမ်ထောင်ပြုသင့်ပြီတဲ့လေ အဲ့အန်တီကလဲ ဦးချစ်သူဖြစ်မယ်တဲ့""သွန်းငယ် မေမေပြောတာနဲ့ သွန်းငယ်ကယုံသွားတယ်ပေါ့"
"ဟုတ်တာပေါ့ ပြီးတော့ အဲ့အန်တီက အရမ်းချောတာကို
ဦးမကြိုက်ဘဲနေမလား ဦးလဲပြောတယ်လေ ချစ်ရမဲ့သူရှိတယ်ဆို"
DU LIEST GERADE
💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)
Romantikမချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်...... မချစ်ရင် မချစ်ဘူး ပြောခဲ့ပေါ့ဦးရယ်......(24.9.2020)