Part 33

26.1K 2.1K 192
                                    

မချစ်ရင်
~~~~~

အချစ်တွေအများကြီးလိုချင်ခဲ့တဲ့ကလေးငယ်။
အမုန်းတွေပဲပေးခဲ့မိလို့ ကိုယ့်ကိုမုန်းသွားမလား။
မုန်းမယ်ဆိုရင်တောင် ကိုယ်ကခံယူထိုက်တဲ့သူပါ။

ကိုယ်တို့ကြားမှာနာရီများစွာခြားနေပြီသွန်းငယ်။
အခုချိန်ဆို အိပ်မက်လှလှမက်နေမလား။
ကိုယ်မသိအောင်ခိုးနမ်းပြီးမှ အိပ်တက်တဲ့ကိုယ့်ကလေးက
တစ်ကိုယ်ထဲလဲ အိပ်ပျော်နေတုန်းပဲလား။

မင်းဖြစ်ချင်ခဲ့သလိုပေါ့သွန်းငယ်။
မင်းမက်မောတဲ့ကိုယ့်နှုတ်ခမ်းတွေက တစ်သက်လုံးမင်းတစ်ယောက်ထဲရဲ့အပိုင်ပါ။
မင်းအနမ်းတွေပဲစွန်းထင်းတဲ့ကိုယ့်နှုတ်ခမ်းပါးတွေက
ထာဝရမင်းအတွက်ပဲဖြစ်စေမှာပါ။

ကိုယ့်အတွက် နေရာတိုင်းဂရုစိုက်ပေးချင်တဲ့မင်းကို
ထားခဲ့ရတာ သေမလိုပဲ ခံစားရတယ်သွန်းငယ်။
ိကိုယ်ကသာမင်းကိုဂရုမစိုက်ခဲ့ပေမဲ့
တခြားသူ မင်းကိုဂရုစိုက်ပေးရင် ကိုယ်မနာလိုခဲ့တယ်။
မင်းကကိုယ့်အပိုင်လေးမို့ မျက်လုံးနဲ့ကြည့်တာကိုတောင်
ကိုယ်သဘောမကျခဲ့ဘူး။

တခြားသူတွေအားကျရလောက်တဲ့အထိ ကိုယ်မင်းကိုချစ်ပေးခြင်ခဲ့တာ။
မင်းကကိုယ့်ရဲ့သက်ဆိုင်သူဆိုတာ လူတွေသိစေချင်ခဲ့တာ။
မင်းခန္ဓာကိုယ်ပေါ် အမှတ်အသားတစ်ခုကျန်နေတိုင်း
ကိုယ်ကအရမ်းကျေနပ်ခဲ့တာ။
ဘယ်သူမှဖန်တီးခွင့်မရှိတဲ့ သင်္ကေတတွေနဲ့ မင်းကို
လှပစေချင်ခဲ့တာ။

တကယ်ပဲမင်းကို စွန့်ပစ်နိုင်မယ်အထင်နဲ့လဲ
အရူးလိုတွေ ကိုယ်ဆုံးဖြတ်ခဲ့ဖူးတယ်။
မင်းမဟုတ်တဲ့တခြားသူနဲ့ ဘဝတစ်ခုစတင်ဖို့ တွေးခဲ့ဖူးတယ်။
တစ်ဆက်ထဲမှာပဲ မင်းစိတ်ပျက်သွားမှာလဲကြောက်ခဲ့တယ်။
တကယ်ဆို ကိုယ့်အတွက် မင်းကသာအရေးပါဆုံးပါ။
မင်းကသာ ကိုယ့်ကိုစိတ်ကျေနပ်မှုပေးနိုင်တဲ့ အဖြူထည်လေး။

ကိုယ်မစေစားရင် မင်းခြေတစ်လှမ်းတောင်မရွေ့စေချင်ခဲ့သလို ကိုယ်တိုင်လဲ မင်းအနားက တစ်ဖဝါးတောင်မခွါချင်ခဲ့ဘူး။
မင်းသာကျောခိုင်းမယ်ဆို ခြေလှမ်းတွေရိုက်ချိုးပစ်ဖို့အထိ
ကိုယ်ကအတ္တကြီးထားခဲ့တာ။
မင်းထွက်သွားရင် မြေလှန်ရှာယုံတင်မဟုတ်ဘူး။
ကမ္ဘာကြီးကိုတောင်ပြောင်းပြန်လှန်ပစ်မှာသွန်းငယ်ရဲ့။

💙မချစ်ရင် /မခ်စ္ရင္ 💙(Completed)Where stories live. Discover now