အပိုင်း - ၇၄

Start from the beginning
                                    

အဲ့နောက် ငါးချိုချဉ်ဟင်းက သူနဲ့ဝေးနေတာကိုတွေ့တော့ ဟဲ့ချန်းမင်က သူ့ရဲ့လက်တံရှည်ကြီးနဲ့ တစ်တုံးလှမ်းယူကာ ကျီလျောင့်ခွက်ထဲထည့်ပေးလိုက်တယ်။

ကလေးနှစ်ယောက်က လူကြားသူကြားထဲမှာ စနိုးစနောင့်ဖြစ်ခြင်းမရှိ ချစ်ပြနေတာကြောင့် ရှုအိုက်ဝမ်တောင် ကြည့်မနေနိုင်တော့ဘူး။ ယောကျာ်းတစ်ယောက်ဖြစ်တဲ့အလျောက် မန်ယွမ်ကလည်း နောက်ကျကျန်မနေနိုင်ဘူး! သူလည်း ရှုအိုက်ဝမ်ကို ကိုလာကြက်တောင်ပံတစ်ခုယူပေးလိုက်တယ်။ သေချာတာပေါ့ သူ့ရဲ့အတိတ်ဘဝက ချစ်သူသေးသေးလေးကိုလည်း မမေ့မလျော့နဲ့ မန်ယောင်ယောင်အတွက်ပါ တစ်ခုထည့်ပေးလိုက်တယ်။ [T/N : သမီးတွေဆိုတာ အဖေရဲ့အရင်ဘဝက ချစ်သူဆိုပြီးပြောပါတယ်။ တကယ်တော့ အဖေတွေက သမီးတွေကို ဘယ်လောက်ထိချစ်တယ်ဆိုတာကို ဖော်ပြချင်လို့ ပြောရုံပါ]

ညစာစားပွဲတစ်ခုလုံး ခွေးစာတွေနဲ့ပဲ ပြည့်နှက်နေတယ်။

ညစာစားပြီးနောက် စတော့ဈေးကွက်အကြောင်း ဆွေးနွေးချင်တာကြောင့် မန်ယွမ် ဟဲ့ချန်းမင်ကို ဆွဲခေါ်လိုက်တယ်။ ဒီကောင်လေးနဲ့ အလေးအနက်ဆွေးနွေးချင်တာ ကြာလှပြီဖြစ်ပေမယ့် ဒီနေ့မှသာ အခွင့်အရေးရတော့တယ်။

အစတုန်းကတော့ ဟဲ့ချန်းမင်တစ်ယောက် စီစစ်တာကို တည်တည်ကြည်ကြည်လုပ်ဆောင်နေပေမယ့် ခပ်မြန်မြန်ပဲ ဒီစကားဝိုင်းက ပြတ်တော့မှာမဟုတ်ဘူးဆိုတာကို သတိပြုမိသွားတယ်။ အဲ့တာကြောင့် တဖြည်းဖြည်းနဲ့စိတ်တွေပျံ့လာပြီး ဝတ်ကျေတမ်းကျေတွေပဲ ပြန်ဖြေတော့တယ်။

ဒီနှစ်ယောက်စကားပြောတာက တော်တော်ကြာအုံးမယ်ဆိုတာကို ကျီလျောင်ခံစားမိနေတော့ သူ့အခန်းသူပြန်ပြီး ရေဝင်ချိုးလိုက်တယ်။

မန်ယွမ်ကတော့ ဆုံးခန်တိုင်သည်အထိသွားချင်တာဖြစ်လို့ ဟဲ့ချန်းမင်ကို လွှတ်မပေးချင်ဘူး။ ဒါပေမယ့် တစ်ဖက်ကောင်လေးရဲ့မျက်လုံးတွေက ကျီလျောင့်အခန်းတံခါးမှာတောင် သွားကပ်တော့မလိုဖြစ်နေတာကို မြင်တဲ့အခါ မနေနိုင်တော့ဘဲ သူ့ရဲ့ကြီးမားတဲ့လက်တွေကို ဝေ့ယမ်းလိုက်တော့တယ် “ကောင်းပါပြီ သွားတော့”

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now