"ဘုတ်....ချွင်..."

"တပ်...တပ်ရင်းမှူး...."

ရုံးခန်းတံခါးသော့က ကျပ်နေသည်မို့ လှည့်ပိတ်ပြီး ပြန်အလှည့် စာအိတ်ရှည်တစ်ခုကိုင်ကာ အနောက်မှာရပ်နေသည့် တပ်ရင်းမှူးကို မြင်ရစဥ် လက်ထဲက ဖိုင်ရောသော့ပါ ပြုတ်ကျသွားလေသည်။

ဖုန်းကိုဆုပ်ကာ သတိအနေအထားနှင့် ရပ်နေပေမယ့် နားထင်တွေပူကာ လက်ဖဝါးတွေဆီက ချွေးစတွေ စို့လာပြီ။

ခုနလေးတင် ပြန်သွားတာ တွေ့လိုက်လို့ ဖုန်းပြောကာမှ သားနှင့်ဖုန်းပြောတုန်း အဖေနှင့်မျက်နှာချင်းဆိုင် တည့်တည့်တိုးရလေသည်။

ဘယ်အချိန်တည်းက ရောက်နေလဲ မသိ.....
ဖြစ်မှဖြစ်ရလေ ရှောင်းကျန့်ရယ်...
အချက်မသိတော့ သားမက် သူခိုးထင် ဖြစ်တော့မှာပဲ...

"ချော့ရမယ့်သူ တွေ့နေပြီပေါ့...ငါ့တပည့်...."

"ခင်ဗျာ....ဟို..."

"စာအိတ်ကျန်လို့ ပြန်ယူတာ...ဘာမှမကြားဘူး...ရဲဘော် ဆက်လုပ် တပည့်ရေ...."

"ဟုတ်...အဲ...ခွင့်ပြုပါခင်ဗျ....."

နားရွက်ဖျားတွေ နားသယ်စပ်တွေ နီကာ အယောင်ယောင် အမှားမှားဖြစ်နေတာကို ကြည့်ရင်း စစ်ဆင်ရေးတွေမှာ နာမည်ကျော်သလောက် အချစ်ရေးသတင်း မကြားရသည့် တပည့်ကျော်၏ လူသားဆန်လာမှုအတွက် တကယ် ဝမ်းသာရသည်။

ကျောက်ရုပ်ကြီး အသက်ဝင်စေတဲ့သူကို သိချင်စမ်းပါဘိတော့...

Double cub လေး မြင်ကွင်းမှ ပျောက်သွားမှ သက်ပြင်းချရင်း ခပ်သွက်သွက် ပြန်ရသည်။

ဖြတ်လမ်းက ပြန်လျှင် ဗဟိုကင်းနှင့် တန်းစီကွင်းကို ဖြတ်လျှင် ရောက်ပြီမို့ ရိပ်သာရှေ့ ရောက်မှ ဖုန်းပြန်ခေါ်ရတော့သည်။

"ဖေကြီး မဟုတ်လား ကိုကို...ဆူခံထိသေးလားဟင်..."

"ချော့ရမယ့်သူ ရှိနေပြီပေါ့...ရဲဘော် ဆက်လုပ်...တဲ့..."

"လျှောက်ပြောနေ..."

"တကယ်ပါဗျာ...."

"လွမ်း....တယ်..."

"အရမ်း...ချစ်တယ်...."

ပြိုင်တူလိုလို ပြောမိသွားပြီး ငြိမ်ကျသွားသည့် အ​ခြေအနေ။
ကိုယ်က ပြိုလဲနေလျှင် ဝမ်အူကြူးက ပိုဆိုးမည်မို့ စကားလွှဲရသည်။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now