ရှက်သွားတာကို မသိသာအောင် ပုံမှန်မျက်နှာထားတည်တည်လေးသို့ လုပ်ယူပြောင်းပစ်လိုက်တဲ့ ဒီ ပိုးတုံးလုံးလေးက
တကယ်ပဲ ဘာလေးပါလိမ့်....

"ဘာလဲ ကျွန်တော့်ဖုန်းကို စစ်နေတာလား"

ဟိုဟိုဒီဒီလျှောက်ကြည့်နေရာကနေ message boxထဲ ဝင်ကြည့်ပြန်တဲ့ ငယ့်ကို စကားနာထိုးရင်း စ,မိတော့ မျက်လုံးထောင့်ကပ်ကြည့်ပုံက ဘီလူးခေါင်းဆောင်းထားပြီး လိုက်ဖြဲခြောက်‌ေနတဲ့ ကလေးလိုပဲ....

"အဲ့လို ထင်လို့လား"

"မထင်ပါဘူးဗျ ကြည့်ပါဗျ"

ပြုံးဖြီးဖြီး ပြန်ပြောတော့မှ မျက်စောင်းထိုးပြီး အရှေ့ကိုပြန်လှည့်သွားသည်... ကိုယ်လုံးပြည့်ပြည့်လေးကတော့ ရုန်းထွက်ခြင်းမရှိသေးဘဲ ကျွန်တော့်ရင်ဘတ်မှာ သူ့နောက်ကျောကိုအပ်ထားဆဲပါပဲ....

တကယ်လည်း ခုနကပြောသလို ငယ် သူ့ဖုန်းကို စစ်ဆေးနေတယ်လို့ မထင်မိပါဘူး
ဒီလိုပဲ ငယ်နဲ့သူက တစ်ယောက်ဖုန်းတစ်ယောက် ယူကြည့်တတ်ကြတာပဲလေ...ပျင်းလို့..ကိုယ့်ချစ်သူဖုန်းမို့ ကိုယ်ယူကြည့်တယ်...
ဒီလောက်ပါပဲ.. ဘယ်သူ့ဘယ်သူကိုမှ စစ်ဆေးခြင်း ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အနေမကျုံ့စေသလို ယုံကြည်မှုတွေလည်း
မပျက်ပြားစေပါဘူး...

ယုံကြည်ခြင်းနဲ့ နားလည်ခြင်း ရှိရမယ်ဆိုတဲ့
ငယ့်ရဲ့ guidelineအောက်မှာ ကျွန်တော်ကအတတ်နိုင်ဆုံး ညှိယူသလို ပွင့်လင်းခြင်းနဲ့ မြတ်နိုးတန်ဖိုးထားခြင်းကို အလေးထားတဲ့ ကျွန်တော့်သဘောထားကိုလည်း ငယ်က လိုက်နာပေးရှာသည်...

တကယ်တမ်းပြောရရင် ကျွန်တော်တို့ relationshipမှာ အရမ်းကြီး ဆိုးရွားနေတဲ့ ပြသနာရယ်လို့ မကြုံရသေးပါဘူး...

"Perth..ဒီမှာကြည့်စမ်း"

သူ့ရင်ဘတ်ကအကျီစကို လက်နောက်ပြန် ဆွဲကိုင်ရင်း ငယ်ကပြောပြန်တော့ သူလဲ အတွေးတွေထဲက ရုန်းထွက်ကာ ကြည့်ရသည်.....

'ဒီနေ့ကစပြီး 1ရက် '

captionတစ်ပေါက် လျှမ်းလျှမ်းတောက် ဗရုတ်သုတ်ခတွေ ရေးတတ်တဲ့ Ornတို့ကတော့ ရိုးရှင်းတဲ့စာသားလေးနဲ့အတူ အားလုံးကို supriseတိုက်ချလိုက်ပါပြီ

You've reached the end of published parts.

⏰ Last updated: Nov 14, 2020 ⏰

Add this story to your Library to get notified about new parts!

Be in love❤️🖤Where stories live. Discover now