Part-21(B)

1.2K 88 8
                                    

↩️↩️↩️↩️↩️↩️↩️

"မတွေ့ ရတာကြာပီနော် သူဌေး‌လေးSaint"

စာရွက်စာတမ်းတေနဲ့ အလုပ်ရှုပ်နေတုန်း မဖိတ်ခေါ်ပဲ ၀င်လာတဲ့ဧည့်သည်‌ကြောင့် Saintအံ့အောမှုနဲ့အတူ သက်ပြင်းလေပူများကို ခပ်သာသာ
မှုတ်ထုတ်လိုက်ရသည်...

"လောကကြီးအတွက် လူပိုတယောက်လျော့သွားပီတောင်ထင်နေတာ ....ဘာကိစ္စလဲ အရင်​ဆုံးအသိ​ပေးပီးမှ အခန်းထဲဝင်​လာသင့်​တယ်​ထင်​တယ်​ ယဉ်​ ​ကျေး မှု ..."

"ohhh အပြင်​မှာမင်းရဲ့ဝန်​ထမ်း​တေတ​ယောက်​မှမရှိဘူး​လေ breaktimeမဟုတ်​ဘူးလား ​အော်​..သူဌေးလေးတောင်မေ့တတ်နေပီပဲ"

"ဘာကိစ္စလဲ!"

"ငါ့အသိညီ​လေးကိုဝင်​နှုတ်​ဆက်​လို့​တောင်​မရဘူးလား.."

"Gxxod!! မင်းသွား​တော့"

"မင်းငါ့ကိုနှင်​လို့ရပါ့မလား..ငါက...Tanapon gpရဲ့ ကိုယ်​စားလှယ်​အဖြစ်​လာတာဆိုရင်​​ကော.."

"ဘာ! Tanapon gp? မင်းကဘာလို့.."

Saint​ပြော​နေရင်းမှ တခုခုကို သတိတရစဉ်းစားမိသွားဟန်​ စကားကိုရပ်​လိုက်​သည်​....စိတ်​မရှည်​​သော..စိတ်​ပျက်​ဟန်​​ပေါက်​​နေ​သော မျက်​နှာ​အမူအရာမှ....အံ​အောသည့်​အမူအရာသို့
ချက်​ချင်း​ပြောင်းသွားကာ...

"မင်းက....အဲ့မိန်းမရဲ့သားလား"

Gxxodဆီက တုန့်​ပြန်​​ဖြေဆိုမှု မကြားရပါပဲ ပြုံးလိုက်​တဲ့အပြုံး​ကြောင့်​ သူ့ရင်​ဘတ်​ထဲကတုန်​ယင်​မှု​တေကို Saintပြန်​ထိန်းချုပ်​​နေရသည်​...

"ဒါ​ဆို အ​မေရိကမှာတုန်းက မင်းကTanapon gpကလူအ​နေနဲ့လာခဲ့တာ​ပေါ့"

"အိုးဟိုးးး တကယ်​ပဲအခုမှသိတာလား ဟား မထင်​ထားဘူး...မင်းအဲ့​လောက်​ထုံအ,လိမ့်မယ်လို့....လူမှု​ရေးမှာ​ရော..အ ချစ်​ ​ရေး မှာ ​ရော "

ပျက်​ယွင်းလာတဲ့အမူအရာတချို့ကို ထိန်းသိမ်းဖို့ Saintထိုင်​ခုံမှ ထ,ရပ်​လိုက်​​ပေမဲ့ ​နောက်​ဆက်​တွဲအ​တွေး​တွေက သူ့အား ထိတ်​လန့်​​စေသည်​...

Gxxodဟာ နိုင်​ကွက်​တခုခုမရှိပါဘဲနဲ့ သူ့​ရှေ့မှာ
ဒီလိုလာရပ်​​နေမှာမဟုတ်​...ဒီလိုအပြုံးမျိုးကို သ​ဘောထားကြီးစွာ ပြုံးပြ​နေမှာမဟုတ်​....

Be in love❤️🖤Where stories live. Discover now