Part..27(A)

1.1K 83 19
                                    

"အဲ့တော့..မင်းကဘယ်လိုဖြစ်စေချင်လို့လဲ"

"မသိဘူး..ကျွန်မသိတာက အဲ့ကလေးနဲ့ ကျွန်မသားကို ဘယ်လိုမှ မကြည်ဖြူနိုင်တာပဲ.."

အမြဲတမ်း အပြုံးရိပ်နဲ့ အေးချမ်းနေတတ်တဲ့ သူမမျက်နှာက တည်တံ့ခက်ထန်သယောင် ဖြစ်နေတာ မြင်ရတော့.. Mr.Tanaponစိတ်ထဲတမျိုးပင်...

သက်ပြင်းငွေ့ငွေ့ချရင်း ငေးကြည့်မိနေတော့ သူမက အကြည့်တို့ကို သူ့တကိုယ်လုံးအပေါ်အောက်စုန်ဆန်
အရောက်ပို့ကာ အံတင်းတင်းကြိတ်တာ မြင်လိုက်ရသည်....

နေပါဦး..သူမကို ဘာတေကအဲ့လောက်ခါးသီးစေတာလဲ...သူထွက်သွားတုန်းကတောင်  ဝမ်းနည်းမှုအပြင် တခြားဘာအရိပ်အယောင်မှမပြဘဲ ရိုးသားနိုင်ခဲ့တဲ့ သူမက သားရဲ့အချစ်ရေးမှာ...ဘာလို့အဲ့လောက် ပြောင်းလဲမာကျောတတ်နေရတာလဲ....

"သားကို အိမ်ပြန်လာဖို​့ဖုန်းဆက်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူး..သားက ကျွန်မဘက်ကို တချက်တောင်လှည့်မကြည့်တော့ဘူး "

"......"

"အဲ့ဒါကြောင့် သားဒီထက်ပိုမပျက်စီးခင် ကျွန်မသားလေးကို ပြန်လိုချင်တာ.."

"အဲ့လိုပြောရအောင် perthက အရုပ်မှမဟုတ်ဘဲကွ ပီးတော့ ဒါက သူ့အချစ်ရေး "

ထိုစကားကြားသည်နှင့် သူမသည် မျက်လုံးစိမ်းများနှင့် Mr.Tanaponအနီးသို့ ရုတ်တရက်စွေ့ခနဲ ပြောင်းထိုင်လိုက်လေသည်...

"ဒီမှာ...အကိုစကားကို ကောင်းကောင်းပြောပါ..
သားPerthကလေ..နည်းနည်းလေးဂျစ်တတ်တာကလွဲရင် သိတတ်စကတည်းက ကျွန်မမျက်နှာတချက်အပျက်ခံခဲ့တာမဟုတ်ဘူး Saint Suppapongက ဘာတေဆွဲဆောင်မှုရှိနေလို့.. ဘာတေများအဲ့လောက်ကောင်းနေလို့..ကျွန်မနဲ့သားက သူစိမ်းလိုအကန့်အသတ်တေထားပေးရမှာလဲ သားရဲ့အချစ်ရေးကလဲ ကျွန်မနဲ့သက်ဆိုင်တာပဲ "

"ငါသိတယ်..မင်းစိတ်ကိုအရင်ထိန်းစမ်းပါ"

"ကျွန်မသားက gayလိုပြုမူနေတာကို ဘယ်လိုစိတ်ထိန်းရမှာလဲ..ကျွန်မအများကြီးသားရဲ့စိတ်အလိုကိုလိုက်ခဲ့ပီးပီ ဒီ့ထက်ပိုပီးတော့ ခွင့်မပြုနိုင်ဘူး ကိုယ့်ကလေးကိုယ်ထိန်းချုပ်လို့မရလောက်အောင်ထိ ကျွန်မမညံ့ပါဘူး အင်းလေ အကိုကတော့ နေနိုင်မှာပေါ့..ထားပါ"

Be in love❤️🖤Where stories live. Discover now