Part..40(B)

1.2K 103 47
                                    

(Unicode)

ပြိုလဲစေမယ့် အတားအဆီးတွေရန်ကနေ မကာကွယ်ပေးနိုင်ရင်တောင် ကိုယ်မင်းအနောက်မှာ အမြဲရှိနေပေးနိုင်တယ်...ကိုယ်ရှိနေသရွေ့ မင်းလဲမကျစေရဘူး ယုံ 🖤

"သူငယ်ချင်းလား"

"အွန်း"

သူ့ရင်ခွင်ထဲမှာ လျော့ရဲရဲ မှီထိုင်နေရာကနေ ငယ်က သူ့ဘက်ခေါင်းလေးလှည့်လို့
ဖုန်းထဲက သူ likeလုပ်ထားတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ig postကို ပြရင်းမေးသည်...

ခန္ဓာကိုယ်ကောက်ကြောင်းကို အသားပေးဖော်ပြပြီး ရိုက်ထားတဲ့ မိန်းကလေးတစ်ယောက်ပုံဖြစ်နေတာကြောင့် လှည့်မေးလာပုံရပါသည်....

ခေါင်းငြိမ့်ဖြေလိုက်တော့လည်း
သူ့ရင်ခွင်ထဲ ပိုကပ်လာပြီး စိတ်ဝင်စားမှု မရှိတော့သလို ထိုpostကို ကျော်ချသွားပြန်သည်မှာ အာရုံအပြောင်းမြန်တဲ့ ကလေးပေါက်စ,လေးလိုပင်.....

"သူက နိုင်ငံခြားက သူငယ်ချင်းလား"

အနောက်ကမြင်နေရတဲ့ ခေါင်းလုံးလုံးလေးကို ငေးနေမိတုန်းရှိသေး...မေးခွန်းတစ်ခုထွက်လာပြန်တာကြောင့် ငယ့်ပုခုံးပေါ်မေးတင်ပြီး ဖြေဆိုဖို့ရာ ဖုန်းကို လှမ်းကြည့်လိုက်သည်...

"အော် အဲ့ကောင်လား သူက အထက်တန်းက သူငယ်ချင်း....uniကို Singaporeမှာ သွားတက်တာ "

"အော်.... ဒီမှာလည်း ပညာရေးကောင်းတာကို ပြည်ပကို ရောက်ရောက်သွားကြတာပဲ အများစုက"

"တတ်နိုင်ကြလို့ပေါ့ ငယ်ရယ်... အဲ့ကိုသွားရင် ကုန်ပေါက်ကလည်း နည်းတာမှမဟုတ်တာ"

ခေါင်းတဆတ်ဆတ်ငြိမ့်နေရာကနေ နှုတ်ခမ်းသားလေးတွေကို ဝိုင်းပစ်လိုက်တာလား မသိ.... ပါးဖောင်းဖောင်းလေးက ပိုဖောင်းလာတာ မြင်ရတော့ အူယားလို့ ပါးချင်းကပ်ပြီး တွန်းထိုးလိုက်မိသည်....

"ဒါနဲ့ ...ဒါ...အာ~~"

နောက်ထပ်မေးခွန်းမေးဖို့ လှည့်လာတဲ့ငယ့်ကြောင့် ပါးကိုမွှေးကြူဖို့ ပြင်နေမိတဲ့ ကိုယ့်နှုတ်ခမ်းတို့က ငယ့်နှုတ်ခမ်းပေါ် ဖွဖွထိကပ်မိသွားတော့သည်.... 'အာ~~' ဆိုတဲ့ ရှက်ဝဲဝဲ အာမေဋိတ်သံလေးက ကျွန်တော့်အတွက် ဆုလာဘ်ပေါ့

You've reached the end of published parts.

⏰ Last updated: Nov 14, 2020 ⏰

Add this story to your Library to get notified about new parts!

Be in love❤️🖤Where stories live. Discover now