(Part...)My life is you!

1.4K 120 33
                                    

#မနက်ခင်းကအစပြုလို့ ညဉ့်နက်အထိတိုင်လဲ
အချစ်နဲ့သာ‌ဆို ရင်ခုန်သံတေက တစက္ကန့်လေးမှ ငြိမ်သက်မနေခဲ့ဘူး~~~
ဘ၀တခုလုံး နေရာယူပါစေဦးးး အချစ်နဲ့သာဆို~

"ငယ်"

"ငယ်ရေ ကလေးလေးရေ "

ကွေးကွေးလေး တစောင်းလှဲအိပ်နေရာက လူးလွန့်လာပေမဲ့ စူပုတ်ပုတ်လေးနဲ့ မျက်မှောင်တေတောင် ကုပ်သွားသေး ညှို့ယူတတ်တဲ့ မျက်ဝန်းကြည်ကြည်လေးကပွင့်မလာ....

ရှပ်အကျီအညို‌ရောင်ဖျော့ အကွက်အပါးလေးကို ကြယ်သီး၃လုံးဆင့်ဖြုတ်ထားပီး ဖရိုဖရဲဆံပင်ပွပွလေးတေနဲ့ အိပ်နေတာတောင် ငယ်ကတကယ်လှတာပါ...အထူးသဖြင့် ငယ်အိပ်နေတဲ့အချိန်က ကလေးလေး ပူတူတူး‌လေးလိုပါပဲ....

"ထတော့ကွာ ပူတူတူးလေးးးး ထတော့..လို့"

"ကိုယ့်ရဲ့ပူတူတူးလေး ကျောက်ကပ်လေး ကလီစာလေး အသည်းတုံးလေးးး"

သူအိပ်ပျော်နေတဲ့အချိန်မို့သာ အားရပါးရ ခေါ်လို့ရတာပါ...ကိုအချေကြီးက ကလေးအရာသွင်းရင် နည်းနည်းမှကြိုက်တာမဟုတ်...ခက်တာက သူကအခု တကယ့်ပိစိလေးလိုဖြစ်နေတာ....

သူ့အပေါ် မှောက်မအိပ်ရုံတမယ် အတင်းကပ်စကားတေပြောပီး ကိုယ့်ဟာကိုယ်သဘောတကျ ပြုံးလိုက်မိတော့... မို့တက်သွားတဲ့ ပါးဖောင်းဖောင်လုံးလုံးကို လှစ်ခနဲမြင်ဖြစ်အောင် မြင်လိုက်သည်.....

"နိုးရင်ထတော့ ကျွန်တော့်ကလေးလေး"

ငုံ့မို့းကာစိုက်ကြည့်ရင်း ဖြည်းဖြည်းလေးပြောတော့ ပွင့်လာတဲ့မျက်ဝန်းတေဟာ ပြုံးယောင်သန်းလို့ ....လျှာနဲ့သပ်လိုက်လို့စိုသွားတဲ့ ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းဖောင်းဖောင်းတေက ဖူးငုံနေတာမြင်တော့ အာခံတွင်းထဲထည့်ထားချင်စိတ်‌တေဆိုတာ~~

"ဖယ် စောစောစီးစီး "

"ကလေးလေးရှက်နေတာ ကြည့်စမ်း"

"မျက်နှာပြောင်မနေနဲ့ Perth'~"

ရင်ဘတ်ပေါ် ခေါင်းတင်မီလာပီး ပြုံးပြုံးကြီးနဲ့လာစ,နေတော့ ဘလိုမှမနေနိုင်စွာပဲ ကိုယ့်‌အောက်နှုတ်ခမ်းကိုယ် သည်းတယားယားကိုက်ထားမိသည်......

Be in love❤️🖤Where stories live. Discover now