Part..36

658 91 64
                                    

"တောင်းပန်ပါတယ် "

ကုတင်ထက်မှာ အိပ်မောကျနေတဲ့ ငယ့်နဖူးပြင်လေးကို perthတဖွဖွနမ်းမိသည်... ပြဲနေတဲ့အကျီအောက်က အညိုအမဲအရာတချို့ကို မြင်တော့ ကိုယ့်ပါးကိုယ် ဖြတ်ရိုက်လိုက်ချင်သည်....

ငယ်ဘယ်လောက်တောင်လန့်ပီး ဝမ်းနည်းသွားမလဲ.....

ညက လူစိတ်ဘယ်လောက်ပျောက်သွားခဲ့လဲဆိုတာ...ငယ့်ရဲ့တစွန်းတစပေါ်နေတဲ့ လက်မောင်းသားပေါ်က ရဲတက်နေတဲ့ လက်ချောင်းရာကို ကြည့်ရုံနဲ့ သိပီ....

"တောင်းပန်ပါတယ်ဗျာ"

လက်ဖဝါးလေးကို အသာဖိဆုပ်ပီး ကုတင်အောက်ကြမ်းပြင်မှာ ဒူးထောက်ထိုင်နေရာကနေ ငယ့်ဘေးကို တင်ပါးလွှဲဝင်ထိုင်လိုက်သည်....

ခါးအထက်ထိ စောင်ခြုံထားတဲ့ ငယ်က ညကအခြေအနေအတိုင်း ငိုပီး အိပ်ပျော်သွားပုံရသည်...စောင်ကိုရင်ဘတ်နားထိ တိုးခြုံပေးလိုက်တော့....ဘာလို့ရယ်တော့မသိ...
အိပ်‌ေနတဲ ့ငယ်က သူ့လက်ဖဝါးကို ခပ်တင်းတင်းဆုပ်လိုက်တော့
သူပြုံးလိုက်မိသည်....

ခါးအနည်းကိုင်းကာ ငုံ့မိုးပီး ငယ့်ပါးပြင်လေးကို နမ်းမိတော့ မျက်ဆံလေးတွေလှုပ်သွားတာကလွဲရင် ကလေးလေးကမနိုးသေး....

သွေးစို့ပီး ပေါက်နေတဲ့ နှုတ်ခမ်းဖူးဖူးငုံငုံလေးကို တွေ့လိုက်မှ စိတ်ထဲအောင့်သက်ပီး မျက် ည်ဝဲချင်လာပီ.....

ညကတည်းက အိပ်တဝက်နိုးတဝက်နဲ့ ငယ်နဲ့သူ့ရဲ့ ရှေ့ဆက်ရမယ့် အခြေအနေတွေကို တွေးနေခဲ့တာ......ဟိုကိစ္စကိုလည်း သေချာစဥ်းစားပီး ကိုယ့်စိတ်ကိုယ် အကြိမ်ကြိမ်အခါခါ မေးပီးပီ.....

ကိစ္စမရှိဘူး.....ငယ်ဘယ်သူနဲ့ပဲ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့....လက်ရှိမှာ သူနဲ့ချစ်နေတာမို့....

အရမ်းနာကျင်ဖွယ်ရာဆိုပေမဲ့ အတိတ်မှာဖြစ်ခဲ့တဲ့အရာပဲလေ....မေ့ပစ်နိုင်တယ် ...အင်း ဘယ်လိုတွေပဲဖြစ်ဖြစ် ငယ့်ကို ဆုံးရှုံးရခြင်းဆိုတာ သူ့အတွက် မဖြစ်နိုင်တဲ့အရာတခုမို့
ငယ့်ကိုတော့လက်မလွှတ်နိုင်တာမို့ ....အဲ့ကိစ္စကို တသက်လုံးမြိုသိပ်ထားဖို့ မေ့ထားဖို့ဆိုတောင်သူလုပ်နိုင်ပါတယ်...

Be in love❤️🖤Where stories live. Discover now