Part..24👨‍❤️‍💋‍👨

1.2K 96 8
                                    

"ဘယ်လိုလဲ ကျပီမလား"

"ချီးကို...ကျ"

ခပ်အုပ်အုပ် ဆဲရေးလာတဲ့ Perthရဲ့ အာရုံတို့က Markဆီမှာ မရှိ....မျက်စိရှေ့က ရောင်ပြန်နေတဲ့ မှန်ချပ်တွေမှတဆင့် မြင်နေရတဲ့ ဖြူလုံးလုံးလေးဆီမှာသာ.....

ကြည့်ပါဦး....အချိန်ကနာရီဝက်တောင်မကျန်တော့တာကို ငယ့်မှာ ကုန်းရုန်းပီး စာမေးပွဲဖြေလို့ကောင်းတုန်း......၃နာရီဖြေရတဲ့စာမေးပွဲမှာ ကျွန်တော်က၂နာရီထဲနဲ့အပြတ်ဖြေပီး ထွက်လာတာ....
ငယ်ကတော့....ကျစ်...ကျစ်.....

"ဟေ့ကောင်ရာ မင်းအဲ့မှာငမ်းနေလိုက်
ငါတော့သွားပီ"

ပုခုံးပုတ် ညည်းညူလာတဲ့ markကို တကယ်လုံးဝ အာရုံမရ...စိတ်မှန်သမျှ တွန့်ချိုးထားတဲ့ မျက်ခုံးတွန့်တွန့်လေးတေနဲ့ ပွတ်တွတ်တွတ်လုပ်နေတဲ့ အိတွဲတွဲ နှုတ်ခမ်းသားပေါ်မှာ.....

ကြည့်ရင်း ကြည့်ရင်း အတွေးထဲမှာ လှိုက်တက်လာတဲ့ အသိက........
လှလိုက်တာ.......
ငယ်က တော်တော်ကိုလှတာပါ............

ဘာပဲဖြစ်ဖြစ် အဲ့လို လူချောလေးအလှလေးကိုမှ ချစ်သူတော်ထားရတဲ့ ကျွန့်တော်ဆိုတာလည်း အဆင်းကော အချင်းပါရှိပီးသား.......

တောင်စဥ်ရေမရ လျှောက်တွေးရင်း သတိရလို့လှည့်ကြည့်တော့ Markမရှိတော့...သူဘာတေထပ်ပြောသွားလိုက်သေးလဲ....ကျွန်တော်မသိ....

သိတာကတော့...ငယ်ကျွန်တော့်ကို ဗို့အားတစ်သိန်းလောက်ရှိတဲ့ မျက်ဝန်းတေနဲ့လှမ်းကြည့်နေတာကိုပင်...'ဘာလို့အစောကြီးထွက်လာလဲ' 'သေချာရော ဖြေခဲ့ရဲ့လား' 'ဘာတေလာငမ်းနေတာလဲ'....အစရှိတဲ့ သဘောတွေပါဝင်တဲ့ အကြည့်တွေပေါ့ဗျာ....

အချိန်ပြည့်သွားတာနဲ့ စူပုတ်ပုတ်နဲ့ ကျွန်တော့်ဆီ တလိမ့်ချင်း လှိမ့်လာတဲ့ငယ်က နေရောင်အောက်မှာ glow နေပီး မျက်လုံးမပွင့်တပွင့်.....

"ဘာလဲ အကုန်မဖြေဘူးလား...ပြောတော့ကျက်စာရတယ်ဆို.... "

"အာ..ဖြေပါတယ်..ငယ်ကလဲ..ဒီနားကိုတောင်ခုနကမှရောက်တာ..."

မျက်ခုံးတချက်တွန့်ကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပီး ငယ်ကသူ့အာရုံနဲ့သူ ဖြစ်သွားတော့မှ သက်ပြင်းကို ကြိတ်ချရသည်....ကိုယ်ကအောင်မှတ်ဖိုးကျော်ရုံလောက်ပဲဖြေခဲ့တယ်ဆိုပေမဲ့ ငယ်နဲ့အခန်းချင်းမတူတော့...ငယ်ဘလိုမှရိပ်မိမှာမဟုတ်....

Be in love❤️🖤Where stories live. Discover now