Part..29(A)

1.2K 88 24
                                    

တခမ်းတနားမဟုတ်တောင် နူးနူးညံ့ညံ့နဲ့ တဖွဖွပြောနေဦးမယ်....ချစ်တယ်....သိပ်ချစ်တယ်လို့....🖤

'ဟား...လှလိုက်တာ'

Perthအိပ်ရာကနိုးလာချိန် ဘေးမှာsaintရှိမနေ.....မနက်၈နာရီတိတိမှာတောင် မိုးအုံ့အုံ့နဲ့ အနည်းငယ် အေးစိမ့်နေသည်.......

ဝမ်းလျားမှောက်ကာ ခွေပိုက်ထားတဲ့ လက်နှစ်ဖက်အပေါ် မေးတင်ပီး မှန်ပြတင်းမှတဆင့် ဘန်ကောက်မြို့ရဲ့ ခမ်းနားတဲ့အလှကို ငေးနေမိသည်....

ကြီးမားလှ​ေသာတိုက်ထိုးထိုးထောင်ထောင်တေ....ကားတေ....ပျားတေလို ပြေးလွှား လှုပ်ရှားနေကြတဲ့လူတေ......

အင်း...တွေးကြည့်တော့လဲ ဖူးစာတေကဆန်းကြယ်
သားရယ်....လူပေါင်း၆၉သန်းကျော်ရှိတဲ့ နိုင်ငံကြီးထဲမှာ...သူအသည်းပေါက်မတတ်ချစ်ရတဲ့ သက်ဆိုင်သူဟာ...ချစ်စရာကောင်လေးတယောက်တဲ့....

ငယ်......သူ့ရဲ့မူပိုင်ရှင်ဟာ...ငယ်....

ကံအကြောင်းဖန်ပီး တွေ့ဆုံခဲ့တဲ့ ငယ့်ကို အစက ကြည့်မရပေမဲ့...မတည့်ပေမဲ့ ခုတော့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ထိုကံတရားကိုပဲ စိတ်ထဲက အလေးအနက် ကျေးဇူးတင်နေမိတော့တာ...

ဘာလို့ အဲ့လောက်ချစ်တတ်သွားရလဲဆိုတာတော့ ချစ်မိအောင် လုပ်တဲ့ငယ်နဲ့ပဲဆိုင်တယ်....

ချစ်တယ်....ငယ်...

"ဘာတေတွေးနေတာတုန်း"

တီရှပ်ပန်းရောင်ပွပွကို...ပေါင်ရင်းသာသာ ဘောင်းဘီတိုအနက်လေးနဲ့တွဲဝတ်ထားတဲ့ငယ်က ပြုံးတုံ့တုံ့မျက်နှာပေးလေးနဲ့ ကုတင်ဘေးမှာမတ်တတ်ပေါ်လာပီး မေးခွန်းထုတ်ရှာသည်...

"အင်း...ငယ်နဲ့ကျွန်တော်လက်ထပ်ဖို့လေ"

လက်ထပ်ဖို့ကို စောလွန်းတယ်ဆိုပီး အမြဲရှောင်ထွက်နေတဲ့ငယ်က မျက်နှာလေးရဲမသွားသော်ငြား မျက်လွှာလေးတော့ချသွားရှာသည်....

ငြင်းဆိုဦးမလားမသိပေမဲ့လဲ သူကတော့ ရအောင်တိုက်တွန်းဖို့ ဆုံးဖြတ်ထားသည်...ခုဆို..ငယ်နဲ့သူက လင်မယားအရာ..အင်း...လင်လင်အရာ မြောက်ခဲ့ပီးပီပဲလေ....သူငယ့်ကို အပိုင်လိုချင်နေပီရယ်...

Be in love❤️🖤Where stories live. Discover now