Part-12

1.2K 93 14
                                    

(Unicode)

"Perth..ဘာဖြစ်လာတာလဲ"

"Perth..Perth.."

"Perth.."

"ပါးစပ်ပိတ်ထားဗျာ!"

မရှိတရှိလက်သည်းတွေပင် အသားထဲနစ်ဝင်မတတ် လက်သီးကိုဆုပ်ထားကာ အသက်ပြင်းပြင်းရှူ ထုတ်နေတဲ့ Perthပုံစံကြောင့် Gxxod ဆက်မမေးတော့ဖို့သာဆုံးဖြတ်ပြီး ကားကိုတလိမ့်ချင်းလိမ့်လာလိုက်သည်....

မီးပွိုင့်တစ်နေရာသို့အရောက်.....

"ဟက်..အင့်.."

ရှိုက်သံလိုလို အောင့်အီးကာညည်းနေသံကြောင့် Perthကိုလှည့်ကြည့်တော့ ကားမှန်ဘက်ကို မျက်နှာမူထားရင်း နှုတ်ခမ်းတွေကို ပြတ်လုမတတ် ကိုက်ခဲနေသည်...

"မင်းဘာတွေဖြစ်လာတာလဲ Perth ဒီလိုငိုနေတာက အဖြေကောင်းမဟုတ်ဘူးနော်"

"ကျွန်တော်မငိုဘူး"

မငိုဘူးဆိုပြီး အသံက အက်ကွဲနေပြီးတော့....

"မုန်းလို့..သတ်ပစ်ချင်လောက်အောင်...
အဲ့လူကို..သတ်ပစ်ချင်တာ.."

"....."

"ကျွန်တော့်ကိုဘာပြန်ပေးမှာလဲ.."

"ဘာကို..?"

"Saint Suppapongကိုရအောင်လိုက်ပေးမယ်...သူကျွန်တော့်ကိုသေချာပေါက်ချစ်လာစေရမယ်ဗျာ...
တတ်နိုင်သမျှအကုန်လုပ်မှာ..."

"အဟား..မင်းလက်ခံလိုက်ပီပေါ့ N' "

"ဟုတ်တယ်..သူသိပ်ရွံတဲ့ဟောဒီနှုတ်ခမ်းတွေကို သူကိုယ်တိုင်ပဲ အငမ်းမရဖြစ်လာစေရမယ်"

ပြတ်ပြတ်သားသားဆိုလာတဲ့ ကောင်လေးရဲ့
မျက်ဝန်းထဲက နာကျင်မှု..တုံ့ပြန်လိုမှု..
အရိပ်တချို့ကို ငေးကာ Gxxodက သိသိသာသာ မဲ့သည်.....

ဟုတ်ပြီ‌ေလ....ဆုံးဖြတ်ပီးရင်တော့
နောက်မဆုတ်စတမ်းပေါ့....

.............

"hello"

"Perth..P'..P'ပါ P'Bow"

"ကျွန်တော်မအားဘူး P' "

"ခန..ခနလေး..Perth..P'ကိုကူညီပါနော်
အရမ်းအရေးကြီးနေလို့ပါ..ဖုန်းမချလိုက်ပါနဲ့..ခနလေးပါ.."

Be in love❤️🖤Where stories live. Discover now