Part..33🖤❤️

1K 89 31
                                    

(သက်သက်တပိုင်းအနေနဲ့ပဲ
ရေးလိုက်ပါတယ်❣️)

သိပ်ချစ်မိရင်လည်း အတိုင်းအတာက
အကန့်အသတ်မဲ့တယ်🦋

"သေချာဟ,လေ ပါးစပ်ကို အစားစားတာကို ဖုန်းကို လက်ကချဦး"

"အင်းပါ ငယ်ရာ ဒီမှာMarkက အကျိုးအကြောင်းမေးနေလို့ ဖြေနေတာ"

"Perth..ငယ် အစားစားရင်းဖုန်းကြည့်တာမကြိုက်ဘူး "

"အင်းအင်း ပီးပီ ခနပဲ"

"ကိုယ့်ဘာသာကိုယ်စားတော့..."

ခေါက်ဆွဲပြုတ်ပန်းကန်ကို ကောင်လေးဘေးက စားပွဲပေါ် တင်ပီး ငယ်က ထရပ်တော့ ကောင်လေးက လက်ကို ဆွဲထားသည်...ဖုန်းကိုတော့မချသေး....

"စိတ်ဆိုးတာလား"

"မဆိုးဘူး ဖယ်"

"ဘယ်သွားမှာလဲ"

"အပြင်...."

"ဘယ်အပြင်လဲ..."

Perthက Saintကိုကြည့်လိုက် ဖုန်းကိုကြည့်ပီး စာရိုက်လိုက်နဲ့ မအားလပ်ပေ....မေးတာကိုမဖြေဘဲ ပေတေတေလုပ်နေသည့် ငယ့်ကို ချော့မလို့ပေမဲ့ သူ့သတင်းကြားပီး လာမေးတဲ့သူတွေထဲမှာ သူငယ်ချင်းတွေသာမက စီနီယာတွေပါ ပါနေတာမို့ လူမှုရေးအရ replyပြန်နေရသည်....

ဖြစ်တဲ့နေ့ကတည်းက ဖုန်းသေချာမကိုင်ရသေးတာကြောင့် ဘာmessageမှ မဖတ်ဖြစ် ပြန်မပြောဖြစ်ဘူးမလား....

ငယ့်လက်ကို ဆွဲထားပီး လွှတ်လဲမပေး ဘာမှလဲမပြောဖြစ်တော့ ငယ်က ထိုင်ခုံမှာ ပြန်ဝင်ထိုင်သည်....

ခေါက်ဆွဲပြုတ်တဇွန်းက ကိုယ့်ပါးစပ်ရှေ့ရောက်လာတော့ အလိုက်သင့် စားလိုက်ပီး
ငယ့်ကိုမကြည့်အားသေး....

သူနေမကောင်းတာနဲ့ ဘာနဲ့ဆိုတော့ ငယ်ကလဲ သူ့ကို တော်တော်လေး အလျှော့ပေးလှသည်....ခုလဲ ငယ်က အသံတိတ်စိတ်ဆိုးနေပေမဲ့ ခေါက်ဆွဲပြုတ်အခွံ့မပျက်....

"ငယ်?"

ပါးစပ်ထဲမှာ ဝါးစရာ ဘာခေါက်ဆွဲမှမရှိတော့သည့်တိုင် ငယ်က ခွံ့မလာသေးတာမို့ မျက်လုံးအသာလှန်ကြည့်တော့ ငယ်က ခေါင်းကိုငုံ့ထားသည်....

"ငယ် ကျွန်တော် ကုန်ပီ"

"အင် အင်း "

အိပ‌်မက်ကနေ လန့်နိုးလာတဲ့လူလို ငယ်က တချက်ကြောင်သွားပီးမှ ခေါင်းမော့ပီး သူ့ဆီ ဇွန်းကို ကမ်းပေးလာသည်....သို့သော် ကာယကံရှင်ပင် သတိထားမိပုံမရတဲ့ မျက်ရည်စက်တစက်က ပန်းသွေးရောင်ထနေသော ပါးမို့ပေါ်မှ တဖြည်းဖြည်း လိမ့်ဆင်းသွားတာ မြင်လိုက်ရသည်...

Be in love❤️🖤Where stories live. Discover now