“ဒီကိုဘာလာလုပ်တာလဲ။ဒီအချိန်ကိုခန့်မှန်းရတာတော့ ရုပ်ရှင်ကြည့်ဖို့ထင်တယ်။”

“ဟုတ်ကဲ့”

“အာ ဒါနဲ့ အရင်တစ်ခေါက်က ဖုန်းနံပါတ်ဆိုတာမျိူးမရှိဘူးလို့ပြောခဲ့သလားလို့။ ခု မင်းလက်ထဲက ကိုင်ထားတာလေးက ဘာပါလိမ့်”

ခပ်လှောင်လှောင်အသံကြောင့် ဘတ်ဟျွန်း လှည့်ကြည့်လိုက်တော့ ခြေချိတ်ထိုင်လျက် ဘတ်ဟျွန်းကို သဘောတကျကြည့် နေသည့် လူကို မျက်မှောင်တွန့်ချိူးလျက်ပြန်ကြည့်မိတော့သည်။ဒီလူက ဘယ်သူ့ကိုရန်လာစနေတာလဲ။ ဘာပဲဖြစ်ဖြစ် ဘတ်ဟျွန်းဆိုတာ ဒယ်ဂုံနန်းတော်က မင်းသားတစ်ပါး။ချန်းယောလ်အတွက်သာ မာနတွေ ဖယ်ရှားပစ်ထားပေမယ့် တခြားလူ ကတော့ ထိကပါးရိကပါးလှောင်ရယ်တာမျိူးတော့ မဖြစ်လေ။
ဘတ်ဟျွန်းက ဒယ်ဂုံမှာအလိုလိုက်အချစ်ခံရသည့် နန်းမျိူးနွယ်မင်းသားတစ်ပါးဖြစ်လေသည်။

“ဒါက ဖုန်းတော့ ဟုတ်တယ်။ဒါပေမဲ့ ပေးချင်တဲ့သူတွေကိုပဲပေးပြီး မပေးချင်တဲ့သူတွေအတွက်ကျတော့ မရှိဘူးလို့ပြောရတဲ့အရာလည်းဖြစ်တယ်။ နားလည်တယ်မလား။ ကိစ္စအထွေအထူးမရှိဘူးဆို သွားလို့ရပါပြီ”

လေယူလေသိမ်းသည် နန်းတွင်းမင်းသားတစ်ပါးလို မာန်ထည်နေသည်ကြောင့် ထယ်ဂီ သဘောကျစွာပြုံးနေရာမှ ထပ်မံ ရယ်မောမိတော့သည်။ပတ်ချန်းယောလ်၏ အသည်းနှလုံးလေးက တကယ်ကို အလာလေးပါပဲ။လူကိုနှင်ထုတ်တတ်ပုံ များကလည်း..

“သိပါပြီ။ဒါပေမဲ့ တစ်ခုတော့မေးဦးမလို့။ဘတ်ဟျွန်းက မင်းသားတစ်ပါးလိုပြောဆိုနေတယ်နော်။ဘတ်ဟျွန်းအရင်က ဘယ်ကလာတာလဲ”

“ဒယ်ဂုံနန်းတော်ကပါ။ အဲ့ဒါကြောင့်မလိုအပ်ဘဲအရိုအသေတန်တဲ့အပြုအမူမျိူးတွေ လာမပြပါနဲ့။ငါက ဒယ်ဂုံက မင်းသားငယ်မို့ အဲ့ဒီဘက်က မဆင်မခြင်ပြုမူလို့ရတဲ့လူမျိူးမဟုတ်ဘူး။သတိပေးတာပါ။”

“အဲ့လိုလား- အာ ခဏလေးပါ”

ထိုနေရာမှာ ထိုင်မနေချင်တော့စွာ ဘတ်ဟျွန်း ထရပ်လိုက်သည်ကို ထယ်ဂီ က လက်ကောက်ဝတ်ကို လှမ်းဆွဲလာသည်။ ချက်ချင်းရုန်းလိုက်ပေမယ့် ခပ်တင်းတင်းဆုပ်ကိုင်ထားခံရခြင်းသည် နာကျင်ခြင်းအဆင့်ထိတောင်ရောက်၏။ ဘတ်ဟျွန်းမျက်လုံးတွေစူးရဲသွားတော့သည်။ မထီမဲ့မြင်အပြုံးနှင့်ထိုလူကို ခုချက်ချင်းပင် ခြေဖဝါးအောက် ဒူးထောက်ရ အောင်လုပ်ပစ်ချင်လိုက်မိသည်။ရောက်နေသည့်နေရာတွေ ဘာတွေ ဘတ်ဟျွန်း မသိတော့။ကျန်သည့်လက်တစ်ဖက် ဖြင့် ထိုလူမျက်နှာကို စုတ်ပြတ်သတ်သွားအောင်ထိုးမည်ပြုလိုက်စဉ်မှာပင် လက်တစ်ဖက်က ဝင်ရောက်လာလျက် ထယ်ဂီ ဆွဲ ထား သည့် ဘတ်ဟျွန်းလက်ကလေးကိုဆွဲဖြုတ်ပေးလာသည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now