I can only imagine 19

Start from the beginning
                                    

"အခရာ မရိုင်းနဲ့ လာ သွားမယ် နောက် ဘယ်တော့မှ
ထပ်မလာခဲ့နဲ့ သွားမယ် ''

ကျွန်တော် အရှေ့မှာတင် လေးညို့ရှင်က အခရာ
လက်မောင်းကို ဆွဲ၍ အပြင်ခေါ်ထုတ်သွားတော့ သူမက ကျွန်တော့်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်ကာ

"ယောကျာ်းဖြစ်ပြီး ကိုကို့ကို မြူဆွယ်နေတာ ရပ်တန်းက ရပ်ပါ ဟွန့် ''

"တော်ပြီလို့ ကိုကို ပြောနေတယ်နော် လာစမ်း''

ယက်ကန်ယက်ကန်ဖြင့် လေးညို့ရှင်အနောက် ပါသွားသော အခရာကို ကြည့်၍ကျွန်တော် သက်ပြင်းလေး ခိုးချမိသည်။ အသက်ရှုကြပ်လိုက်တာဗျာ ဘာလို့ အခရာက
ကျွန်တော့်ကို သက်သက် အမြင်မကြည်ရတာလဲ
လေးညို့ရှင် အချစ်တွေကို သူတစ်ယောက်တည်း အပိုင်ရနေတာပဲလေ ဘာလို့ ကျွန်တော့်ကို မုန်းနေရတာလဲ...

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

"သားမြတ်နိုးရာ နေကောင်းသွားပြီလား ''

"ဟုတ်ကဲ့ ဦး နေကောင်းသွားပါပြီ ''

"အင်း ဂရုစိုက်အုံး သူခိုးကို ဝိုင်းရှာပေးဖို့ ရဲစခန်းမှာ
အမှုဖွင့်ထားတယ်''

"ဗျာ ဟို ရပါတယ် သက်သက် အလုပ်ရှုပ်နေမှာပေါ့ဗျ ''

"ဦးက သား လုံခြုံအောင်လို့ပါ သား စိတ်မသက်သာဘူး ဆိုလည်း အမှုပြန်ပိတ်လိုက်မယ်''

"ဟုတ်ကဲ့ ဦး ဒါဆို ကျွန်တော် အလုပ်ပြန်သွားလုပ်လိုက်အုံးမယ်''

"ကောင်းပြီ သား''

ဦးဂုဏ်ရှင် ရုံးခန်းကနေ ထွက်လာ၍ ကိုယ့်အလုပ်စားပွဲပေါ် လာထိုင်ကာ အလုပ်လာလုပ်နေလိုက်သည်။ ထို့နောက် ကုမ္ပဏီရဲ့ စာရင်းမ ဖြစ်သော ဒေါ်နီလာက

"မြတ်နိုးရာ ''

"ဗျာ မနီလာ ''

"အမ သတင်းတွေ ကြားတယ် မြတ်နိုးရာ အိမ်ကို သူခိုး
တက်လို့ဆို ဘယ်လိုဖြစ်သွားတာလဲ ''

"အာ ဟုတ် နည်းနည်းလေးပဲ ထိခိုက်သွားတာပါ ဘာမှ
မဖြစ်ပါဘူး အခု ကောင်းသွားပါပြီ ''

"ဟုတ်လားတော်သေးတာပေါ့ အော် ဒါနဲ့ ကုမ္ပဏီကလုပ်မယ့် ပွဲကို သိပြီးပြီးလား ''

I can only imagine Where stories live. Discover now