" အဘ ကျွန်တော် လက်နည်းနည်းဆေးမယ်နော် "
" အေး ဆေးဆေး ဆပ်ပြာက ဒီမှာ ဖူဂျီပဲရှိတယ်
ငါ့တူရေ""အာ ရပါတယ် ကျွန်တော် အမှိုက်တွေကိုင်လာလို့"
လှည်းဘေး ရေပုံးအမဲလေးထဲက စတီးခွက်နဲ့
လက်မြန်မြန်ဆေးလိုက်သည်။ လက်တော့ သုတ်မနေတော့ သူ့အလိုလိုခြောက်သွားလိမ့်ည်လေ။ မုန့်က လက်နဲ့ကိုင်စားရမှာဆိုတော့ ခုနက အမှိုက်ပုံးကိုထိခဲ့တာမို့
ကိုင်ရမှာ မသန့်လို့ ဆေးလိုက်ခြင်းသာ။" ရပြီ ငါ့တူရေ ရော့ "
" သွားပြီ အဘရေ ရောင်းကောင်းပါစေဗျာ"
ကြက်ဥခေါက်မုန့် မွှေးမွှေးချိုချုလေးက်ို အနံ့နဲ့တင်
အိမ်ရောက်သည်အထိ မစောင့်နိုင်တာမို့ တစ်ခုထုတ်ကာ
စားရင် လမ်းထဲဖြေးဖြေးချင်း လျှောက်ပြန်လာလိုက်
သည်။ ဒီလမ်းထဲမှာ သူ့ကို ဆရာဝန်လေးလို့ တော်တော်
များများသိတာကြောင့် တွေ့သမျှ လူတိုင်းက နှုတ်ဆက်တာကိုလည်း ရယ်ရင်း ပြုံးရင်း ခေါင်းငြိမ့်ရင်း
ပြန်နှုတ်ဆက်ရသေးသည်။နောက်ဆုံးကျန်တဲ့ ခေါက်မုန့်လေးက်ို တမြုံ့မြုံ့ဝါးရင်း
လျှောက်လာလိုက်တာ တိုက်အောက်ပင်ရောက်နေပြီမို့
လက်ထဲက ခေါက်မုန့်အမှိုက်အိတ်လေးကို တိုက်အောက်က
အမှိုက်ပုံးထဲ သွားပစ်ထည့်လိုက်သည်။အပေါ်ရောက်တာနဲ့ လျှော်စက်ထဲက အဝတ်တွေလှမ်း
စောင်နှစ်ထည်ကို မြန်မြန်လျှော်ပြီး ဝရန်တာမှာ
လှမ်းရင်း မိုးအခြေအနေကြည့်ရသေးသည်။
ခေါက်မုန့်သုံးခုက သူ့ဗိုက်ထဲ ဘယ်လိူမှ မနေဘူးဆိုတာ
ဟာတာတာဖြစ်လာတဲ့ ဗိုက်လေးက သက်သေ။ရေခဲသေတ္တာထဲ မုန်လာထုပ်တစ်ထုပ်ပဲရှိတော့တာမို့
သူကြော်စားမယ်လို့ တွေးကာ ခပ်မြန်မြန်လှီးနေလိုက်
သည်။ အန်တီတို့အိမ်ကလည်း ဧည့်သည်တွေရောက်နေတော့ ထမင်းသွားစားဖို့ အဆင်မပြေ။ ရင်ဘတ်ကနေစပြီး
အရှေ့တစ်ခြမ်းလုံး ရေစိုနေလည်း အဝတ်မလှဲအား
ဟင်းသာ မြန်မြန်ချက်နေလိုက်သည်။ဒေါက် ဒေါက်
"လာပြီ "
တံခါးခေါက်သံကြားတာနဲ့ ကျက်သွားပြီးဖြစ်တဲ့
ဟင်းအိုးကို မီးပ်ိတ်ကာ အိမ်ရှေ့ကို ပြေးရသည်။
အပိုင်း(၉)
Start from the beginning