အပိုင်း - ၆၉

Start from the beginning
                                    

ဒါကိုမြင်တော့ ဟဲ့ချန်းမင်နောက်ဆုတ်ကာ နေရာပေးပြီး သူမကို အကြောဆေးပြန်သွင်းပေးဖို့ ပြောလိုက်တယ်။

လုပ်လို့ပြီးသွားတဲ့အခါ ကျောင်မေးလန်က ဟဲ့ချန်းမင်ကို ဆက်တိုက်ဆိုသလို ဒီပိုက်ဆံတွေရလာအောင် ဘယ်လိုလုပ်ခဲ့တာလဲ၊ ပြီးတော့ ဘာကြောင့် ဟဲ့မုရှန်းရဲ့အကောင့်ထဲမှာ ရှိနေရတာလဲဆိုတဲ့ မျိုးစုံသောမေးခွန်းတွေမေးပြီး အားလုံးကို ရှင်းရှင်းလင်းလင်းနားလည်ချင်တာကြောင့် မရပ်မနားနှောင့်ယှက်တော့တယ်။

နောက်ဆုံး သူမအသာအယာမေးလိုက်တယ် "ရှောင်းမင် မင်းအမေ့ကို မုန်းလား?"

ဟဲ့ချန်းမင် အေးခဲသွားပြီး သူ့ခံစားချက်တွေကို ထုတ်မပြောနိုင်ဖြစ်သွားတယ်။ အဲ့တာက ဟိုးအရင်တုန်းတည်းက သူမျှော်လင့်နေခဲ့တဲ့တစ်စုံတစ်ခုဖြစ်ပြီး အခုချိန်မှာ သူ့ကိုလက်နှစ်ဖက်လုံးဆန့်တန်းကာ ကမ်းလှမ်းလာသလိုမျိုး ခံစားချက်ကြီးဖြစ်နေတယ်။

သူ ကျောင်မေးလန်ကိုမုန်းလား?

တကယ်တော့ သူမမုန်းဘူး။ မဟုတ်ရင် သူမဆေးရုံတက်နေရတယ်ဆိုတာကိုကြားလိုက်ရတာနဲ့ သူပြေးလာမှာမဟုတ်ဘူး။

အဆုံးမှာ ဟဲ့ချန်းမင် ဘာမှပြန်မဖြေခဲ့ဘူး။ သူမရဲ့စောင်အစွန်းနားတွေကို ထိုးသိမ်းထည့်ပေးပြီး ကျောင်မေးလန်အိပ်ပျော်သွားတဲ့အထိ စောင့်လိုက်တယ်။ အချိန်ကိုကြည့်လိုက်ချိန်မှာ ညရှစ်နာရီတောင် ကျော်နေပြီ။

အပြင်ထွက်ပြီး အားသွင်းတဲ့ပစ္စည်းတစ်ခုလောက်ဝယ်ဖို့ လုပ်လိုက်ပေမယ့် အကြာကြီးရှာနေတာတောင် ဖုန်းဆိုင်တစ်ခုမှာ ရှာလို့မတွေ့ဘူး။ သူပြန်ရောက်လာတော့ ကျောင်မေးလန်ကို အရေးပေါ်ဌာနပို့နေတာကို တွေ့လိုက်ရတယ်။

ကျီလျောင် ဟဲ့ချန်းမင်ဆီက သုံးရက်တိုင်တိုင် ဘာသတင်းမှမကြားရဘဲ ဖုန်းကို တောက်လျှောက်စစ်နေမိတယ်။ သူအရမ်းစိတ်ပူပြီး ဖုန်းခေါ်လိုက်ချင်ပေမယ့်လည်း အရူးလုပ်ခံရမှာကို စိုးရိမ်မိနေတယ်။ ဝမ်းနည်းရသလို မကျေမနပ်လည်းဖြစ်မိတာကြောင့် နှုတ်ခမ်းကိုကိုက်ကာ စိတ်ထိန်းပြီး ဖုန်းကိုကျောင်းလွယ်အိတ်ထဲ ပစ်ထည့်လိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now