I can only imagine 13

Start from the beginning
                                    

"မျက်နှာလည်း မကောင်းဘူး ဘာဖြစ်တာလဲ မိုးစက် ''

"....''

စိတ်ပျက်အားငယ်သလို ဖြစ်နေတဲ့ မိုးစက်ကို အလုပ်တစ်ခုတည်းကသာ စိတ်ညစ်အောင် လုပ်နိုင်သည်။ ကျန်တဲ့ အချိန်တွေမှာဆို ပျော်ရွှင်မြူးထူးစွာ နေတတ်သလို နံဘေးက ရှိနေတဲ့ လူတွေကိုပါ ပျော်ရွှင်အောင် စွမ်းဆောင်ပေးနိုင်သည်။

"မိုးစက် အလုပ်က အဆင်မပြေဘူးလား ဟင် ''

"ဟုတ်တယ် အဆင်မပြေခဲ့ဘူး ဘယ်လိုလုပ်ရမလဲ
ဆိုတာတောင် မသိတော့ဘူးကွာ ရွာက အမေနဲ့ ညီမလေးကို ငါ အလုပ် ရတော့မယ်လို့ ကြွားထားတာ ပိုက်ဆံ
ပို့လိုက်မယ်လို့လည်း ပြောလိုက်သေးတာ ကျစ် အခုတော့ အလုပ်ကလည်းမရ လက်ထဲမှာ ပိုက်ဆံကလည်း
ကျန်တော့တာ မဟုတ်ဘူး ''ဘယ်လောက်မှ

"အားမလျော့လိုက်ပါနဲ့ သူငယ်ချင်းရာ ငါတို့က ဘွဲ့ကောင်းကောင်း ရထားတာပဲ အလုပ် ကောင်းကောင်း ရမှာပါ ''

"မြတ်နိုးရာ ငါ အခု ဘာတွေ ကြုံခဲ့ရသလဲ ဆိုတာ မင်း
မသိသေးလို့ပါကွာ ငါအလုပ်သွားလျှောက်တယ်
ဟိုရောက်တော့ကွာ ငါလို အလုပ်လာလျှောက်တဲ့သူတွေ အနည်းဆုံး ၁၀ယောက်လောက်ရှိတယ်ကွာ ဒီထဲမှာ
ဘယ်သူ့ကို ရွေးလိုက်သလဲ သိလား သူဠေးရဲ့ တူကို
ရွေးလိုက်တာကွ သူတို့ ရွေးမဲ့သူ ရှာပြီးပြီ ဆိုလည်း
ဘာလို့ လိုင်းပေါ်မှာ အလုပ်ခေါ်စာ တင်သလဲ ဟာကွာ ''

ကျွန်တော် အရှေ့မှာ မိုးစက်တစ်ယောက် ခံပြင်းဒေါသစိတ်နဲ့ တောက်တခါက်တခါက် ဖြစ်နေရရှာသည်။ သူ့နေရာမှာ ကျွန်တော်ဆိုလည်း အာ့လို ဖြစ်မိမှာပဲ။ မိုးစက်
ပြောတော့မှ မနေ့က အမေ ပြောခဲ့တဲ့ စကားတွေ
ပြန်ကြားယောင်မိသည်။

💭'' ဟဲ့ ဒီခေတ်မှာ အရည်အချင်းတွေ မလိုတော့ဘူး
အဆက်အသွယ်ကောင်း ရှိရင် ရပြီ မြတ်နိုးရာ ငါ ဘာမှ ရှည်ရှည်ဝေးဝေး မပြောလိုဘူးနော် ငါက လုပ်ဆို လုပ်လိုက်''💭

ကျွန်တော်လည်း ဦး ပေးတဲ့ အလုပ်မို့သာ သေချာတာ
မိုးစက်လို ကုမ္ပဏီတွေမှာ အလုပ်သွားလျှောက်ရင်
ရ မရ ဆိုတာ မသေချာတော့။

"အင်းပါ မိုးစက်ရာ ဒီတစ်ခုမရလည်း နောက်တစ်ခု
ပြန်လျှောက်ပေါ့ ဘာမှ စိတ်ဓာတ် မကျနဲ့ သိလား ပြီးတော့ အခု မင်းမှာ ပိုက်ဆံ သိပ်စရာ မရှိတော့ဘူး ဆိုရင် ငါ ကော်ဖီဆိုင်မှာ လုပ်တုန်းက လခတွေ ရှိသေးတယ်
မင်း ယူသုံးချင် ယူသုံးထားလိုက်လေ ရွာက မင်း အမေနဲ့ ညီမလေးကိုလည်း ပိုက်ဆံ ပို့ချင်ပို့လို့ ရတာပေါ့ ''

I can only imagine Where stories live. Discover now