ဝါဆိုဦးမောင် ( ၄ )

1.7K 113 24
                                    

"ဦးမောင်''

" ကလေး ဘယ်လာတာလဲ ''

အမှန်တိုင်းပြောရရင်တော့ ဦးမောင် အတန်းပြီးချိန်ကို အတိအကျလာစောင့်နေခြင်းပေ။

" သူငယ်ချင်းတွေဆီ ခဏ လာတာ''
" ဦးမောင် ပြန်တော့မှာလားဟင် ''

"အင်း ဘာလို့လဲ ''

"ဟို ကျွန်တော် ဆိုင်ကယ်ပါမလာလို့ အလာတုန်းက သူငယ်ချင်းက ဝင်ခေါ်တာ အပြန်ကျ တကူးတက လိုက်ပို့ခိုင်းနေရမှာ အားနာလို့ အဲ့ဒါ"

မတတ်နိုင်။ တစ်ခါတစ်လေတော့ ဉာဏ်များသင့် များရမှာပင်။

"အဲ့ဒါဆို တက်လေ''

ဦးမောင်က အပြုံးတစ်ပွင့်နှင့် ပြောလိုက်သော်ငြား ထိုအပြုံးကိုတော့ဖြင့် အဓိပ္ပါယ် မဖော်တတ်ပါချေ။
ဘာပဲဖြစ်ဖြစ် အရေးကြီးတာက ဦးမောင်နှင့် ပြန်လိုက်ရဖို့ပင်။

"ဟုတ် ''
ဦးမောင် စကားဆုံးတာနှင့် lover seatမှာ နေရာယူပြီးသားပင်။ အနောက်မှာ ထိုင်မယ် ဘာညာ အိုက်တင်ခံမနေနိုင်ပါ။ အခွင့်အရေးဆိုတာက နှစ်ခါမရ။ မသိမသာ ကြည့်နေကြသော ကျောင်းဂိတ်ပေါက်မှ ကောင်မလေးများကိုတော့ အောင်နိုင်သူ အပြုံးဖြင့် နှုတ်ဆက်ခဲ့သည်။

"ကလေးလည်း စာမေးပွဲ နီးပြီမလား''
"စာတွေရော ပိုင်နေပြီလား ''

"ဟုတ် မဆိုးပါဘူး ဦးမောင်''

"Private study ပိတ်ရက်ရရင် ပိစိနဲ့ စာလာလုပ်လှည့်လေ"

"ဟုတ် ဦးမောင် ကျွန်တော် လာမှာပါ"

ဦးမောင် မခေါ်ရင်တောင် ဝါဆိုက လာမှာပါ။ သက်ဆွေဦးနှင့်တော့ ဒီရက်ပိုင်းတည့်အောင် ပေါင်းထားရမည်။

"ပိတ်ရက် ရောက်ရင် ဘယ်သွားဖို့ရှိလည်း "

"ဟင် မရှိပါဘူး ဦးမောင် ၊ ကျွန်တော် အိမ်မှာပဲ ရှိမှာ''

"အဲ့ဒါဆို ကိုယ်နဲ့လိုက်မလား ၊ ကိုယ် ပုဂံက အသိတစ်ယောက်ဆီ သွားစရာရှိလို့ "

'ဦးမောင်ရယ် တခြား ဝေးဝေးလံလံခရီးများ လေးညအိပ်ငါးရက်လောက် သွားလိုက်ပါတော့လား'
ဟုတ်တယ်လေ။ ပုဂံ ဆိုတာက နေ့ချင်းပြန်တောင် သွားရတဲ့ခရီး။ ပုံမှန်စနေတနဂ်နွေ ပိတ်ရက်ဆိုရင်ကို ကျောင်းကကောင်တွေနဲ့ ဆိုင်ကယ်နဲ့ သွားနေကျ ။
တစ်လကို အနည်းဆုံး တစ်ခေါက်တော့ ပုဂံရောက်သည်။ ထားပါတော့။ ဒီတစ်ခါက ဦးမောင်နဲ့ ဆိုတော့ အရင်အခေါက်တွေနဲ့တော့ ဘယ်တူပါ့မလဲ။

ဝါဆိုဦးမောင် (Complete) Where stories live. Discover now