ဝါဆိုဦးမောင် ( ၁၉ )

992 56 47
                                    

မန္တလေးရဲ့ ထူးထူးခြားခြား မိုးအုံ့သော တနဂ်နွေတစ်ရက်ဖြစ်သည်။ဝါဆိုကတော့ ပြောစရာမလိုအောင် ဦးမောင်ဆီကို ရောက်နေခြင်းဖြစ်သည်။ပိတ်ရက်မဟုတ်ပေမယ့် ရုံးချုပ်ကိုအစည်းအဝေးတက်ဖို့ ကိစ္စရှိနေသော အဖွဲ့မှုးကို လိုက်ပို့ရင်း သူကတော့ ဦးမောင်ဆီမှာ သောင်တင်နေသည်။အစည်းအဝေးပြီး ညနေမှပြန်မှာ ဖြစ်တာကြောင့် သူကတော့ တစ်နေကုန် ဦးမောင်အိမ်မှာ အနားယူလို့ရသည်။

ကျောင်းအားရက်ဖြစ်သော ဦးမောင်ကတော့ အဝတ်လျှော်စက်ထဲက အဝတ်တွေကို ထုတ်လှန်းရင်း အိမ်ထဲနှင့် ဝရန်တာကို အသွားအပြန် လုပ်နေသည်။ သူ့ကိုတော့ အမိုးစွန်းအောက်က အရိပ်ထဲမှာ ထိုင်ခိုင်းရင်း နေရာမှအရွေ့မခံ။ သူ့ကို ငြိမ်ငြိမ်ထိုင်ခိုင်းမထားလျှင် အလုပ်မပြီးဘူးဆိုတာ သိနေ၍ ဖြစ်လိမ့်မည်။

"ကျွန်တော် ကူလှမ်းပေးမယ်လေ ဦးမောင် "

"ရတယ် အဝတ်လှန်းတာက ပြီးတော့မှာ ၊ငြိမ်ငြိမ်လေးပဲ ထိုင်နေပေးကွာ "

"အွန်း "

ပိတ်ရက်မရှိတာတောင် ဦးမောင်နဲ့ တွေ့ချင်လို့ မန္တလေးကို မရောက်ရောက်အောင် လာခဲ့ရတာ။
အခုတော့ သူ့ ဆန္ဒတွေကို ဘရိတ်အုပ်ရင်း ဦးမောင် အဝတ်လှန်းနေတာကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေရသည်။ တို့လည်းမတို့ရ ၊ ထိလည်းမထိရ။

အဖွဲ့မှူးက ဆိုင်ကယ်မစီးတတ်သောကြောင့် အလာမှာ ဝါဆို ဆိုင်ကယ်မောင်းလာခဲ့သလို၊ အပြန်ကျရင်လည်း ဝါဆိုပဲ မောင်းသွားရမှာပင်။ပင်ပန်းသလားဆိုတာတော့ အခုလေးတင် သူ့ရှေ့ကနေ အိမ်ထဲဝင်သွားသော ဦးမောင် အပေါ်မှာ မူတည်သည်။

"အပြင်မှာ ထိုင်မနေနဲ့တော့၊ အိမ်ထဲကို ဝင်လာခဲ့ "

တံခါးဝကနေ လှမ်းခေါ်သူကြောင့် ဝါဆို မျက်နှာ ပြုံးစိစိဖြစ်သွားရသည်။ဒါက ဦးမောင်ဘက်က ခွင့်ပြုကြောင်း အချက်ပြသည့်သဘော။

ဝါဆို အခန်းထဲရောက်သွားတော့ ဦးမောင်က ဗီရိုရှေ့မှာ မတ်တပ်ရပ်ရင်း အဝတ်တစ်ချို့ကို သိမ်းနေတာ ဖြစ်သည်။ သူ ဝင်လာသည်ကို သိတဲ့နောက် ဗီရိုတံခါးကိုပိတ်လိုက်ပြီး သူ့ရှေ့ကို လျှောက်လာသည်။ထို့နောက် သူ့အနားမရောက်ခင် ခပ်လှမ်းလှမ်းမှာ ရပ်ပြီး လက်နှစ်ဖက်ကို ဖြန့်ကား၍ ရင်ခွင်ဖွင့်ကြိုသည်။

ဝါဆိုဦးမောင် (Complete) Where stories live. Discover now