ဝါဆိုဦးမောင် ( ၂၀ )

1K 54 23
                                    

This chapter may contain some sexual content. Read at your own risk.
You can read half of chapter without including it.I will insert the next alert sentence if it is reached.

Vibrateလုပ်ထားသော ဖုန်းက တဒီးဒီးမြည်နေသောကြောင့် လက်နှင့်အသာစမ်း၍ ဖုန်းကိုင်လိုက်သည်။ဖုန်းတစ်ဖက်က အဖွဲ့မှုးအသံကြားမှ နိုးနိုးကြားကြားဖြစ်ပြီး အိပ်နေရာကနေ သေချာထထိုင်ရသည်။

"ဟုတ် ကျွန်တော်လာခဲ့ပါ့မယ်၊ နေရာကို တစ်ချက်လောက် messageပြန်ပို့ထားလိုက်ပါ ခင်ဗျ"

ဒုတိယစာသင်နှစ်ဝက်ပြီးဆုံး၍ တက္ကသိုလ်၊ကောလိပ်များ ပိတ်ပြီဖြစ်သောကြောင့် ဦးမောင်လည်း အရင်လို အချိန်ပြည့်ကျောင်းပဲ သွားစရာမလိုတော့။ ဝါဆိုကလည်း စစ်ကိုင်းက projectပြီး၍ တစ်လအနားရသည်။ ထို့ကြောင့် အခုရက်တွေကတော့ သိတဲ့အတိုင်း နှစ်ယောက်တစ်ကမ္ဘာ ချစ်စံအိမ်ပါပဲ။

ပွေ့လိုက် ဖက်လိုက်၊ နမ်းလိုက် ရှုံ့လိုက်နဲ့။အသည်းတယားယား လူးလိမ့်နေရသော ပန်းနုရောင်လေထု လွှမ်းခြုံထားတဲ့ နေ့ရက်တွေပါပဲ။

ဝါဆို ဖုန်းပြောနေတုန်း ဦးမောင်က အခန်းထဲဝင်လာသည်။ အရင်လို သူ့ဆီတန်းမလာဘဲ ရေချိုးခန်းဘက် ခြေလှမ်းနေသော ဦးမောင်ကြောင့် သူ မျက်ခုံးပင့်လိုက်မိသည်။

"ဟုတ်ကဲ့ အဲ့ဒါဆို ညနေမှ တွေ့ကြတာပေါ့ "

ဖုန်းပြောတာကို အမြန်လက်စသတ်လိုက်ပြီး အိပ်ရာပေါ်ကနေ ခုန်ထ၍ ရေချိုးခန်းတံခါးကို ဆွဲဖွင့်နေသော ဦးမောင်ဆီ အပြေးသွားလိုက်သည်။
ဝါဆိုက ရုတ်တရက်ခုန်ထလာသောကြောင့် ဦးမောင်ကလည်း လန့်သွားပုံပေါ်သည်။

သူအနားကို ကပ်လာတာနှင့် ဘာလုပ်မည်မှန်းသိနေသလို ဦးမောင်က နှုတ်ခမ်းကို လက်နှင့် အမြန်ကာသည်။နှုတ်ခမ်းကို လက်နှင့်ကာထား​​ပြီး​နောက် အလန့်တကြားနှင့် ခပ်မြန်မြန်ပြောလာသေးသည်။

"ကလေး ခဏနေဦး ကိုယ် မရသေးဘူး "

"ဘာလို့မရရတာလဲ ပြော "

နှုတ်ခမ်းကိုကာထားသော လက်ကို ဝါဆိုက ဆွဲဖယ်ရင်း မေးလိုက်သည်။သူက တစ်ဖက်ကို ဆွဲဖယ်တော့ ဦးမောင်က နောက်လက်တစ်ဖက်နှင့် အမြန်ကာသည်။ဘာကြောင့် ဦးမောင်က အသည်းအသန် ရှောင်ဖယ်နေမှန်းမသိရသလို သူကလည်း အခုဆိုအခုလုပ်လိုက်ရမှ။

ဝါဆိုဦးမောင် (Complete) Where stories live. Discover now