ဝါဆိုဦးမောင် ( ၂၅ )

934 59 13
                                    

တစ်ဝက်တစ်ပျက်နှင့် ဆက်လက်ရေးသားထားခြင်းမရှိတော့သော စာမျက်နှာရဲ့ အဆုံးသတ်မှာ ဝါဆို မျက်ရည်တွေ တပေါက်ပေါက်ကျသည်အထိ သည်းထန်စွာ ငိုကြွေးမိသည်။

အဲ့ဒီအချိန်တုန်းက သူသာ နည်းနည်းလေး ထပ်နောက်ကျသွားခဲ့ရင် ဦးမောင်ကို အခုလိုမျိုး အကောင်းအတိုင်း ပြန်တွေ့နိုင်ပါဦးမလား။

ဦးမောင် တစ်ယောက်တည်း ခံစားနေရတာတွေကို သူ ဘာလို့ မမြင်နိုင်ခဲ့ရတာလဲ။သူက အဲ့လောက်တောင် တုံးအလွန်းတာလား။သူတစ်ယောက်တည်းကပဲ အချစ်တတ်ဆုံး အခံစားတတ်ဆုံးလို့ ထင်နေခဲ့တာလား။

နာကျင်လိုက်တာ။ စာတစ်ကြောင်းချင်းစီကို ဖတ်ရင်း သူတောင် ရင်ဘတ်တစ်ခုလုံး စူးနေအောင် နာကျင်နေရရင် ကိုယ်တိုင်ခံစားခဲ့ရတဲ့ ဦးမောင်ဆိုရင်ရော။

အဲ့ဒီအချိန်တုန်းက ဦးမောင်တစ်ယောက်တည်း အတွေးတွေနဲ့ နှိပ်စက်ရင်း ဘယ်လောက်တောင် နာကျင်နေခဲ့ရမလဲ။ဦးမောင်က ဘာလို့ သူ့ကိုအဲ့လောက်တောင် ချစ်ရတာလဲ။

သေခြင်းရှင်ခြင်းက မင်းအပေါ်မှာ မူတည်တာတဲ့လား။ ဦးမောင်အချစ်နဲ့ နှိုင်းယှဥ်​ကြည့်ရင် သူ ချစ်သမျှက ဘာမှမပြောပလောက်အောင် အမှုန်အမွှားလေးလိုပဲ။

သူ့ကို အဲ့လောက်ထိ ချစ်တဲ့ ဦးမောင်ကို ပိုပိုပြီးတော့လည်း မြတ်နိုးရပါတယ်။အချစ်လည်း ပိုရပါတယ်။

ကိစ္စတွေအကုန်လုံး တစ်ယောက်ထဲခါးစီးခံချင်နေတဲ့ ဦးမောင်ကို သူနည်းနည်းတော့ စိတ်ဆိုးချင်တယ်။
ဦးမောင်က သူ့ကို ထိခိုက်နစ်နာမှာ စိုးရိမ်နေခဲ့တာ။ဦး​မောင်အတွက်ဆို အရာအားလုံးကို ရင်ဆိုင်နိုင်တဲ့သတ္တိ ရှိတယ်ဆိုတာကို ဦးမောင်သိအောင် သူ ကြိုးစားပြရဦးမယ်။သူ့ရှေ့ကနေ ရပ်တည်ပြီး ကာကွယ်ပေးခဲ့သမျှကို သူက တစ်ဖန်ပြန်ပြီး လုံခြုံစေရပါမယ်။

တော်သေးတာပေါ့။ သူ ဦးမောင်ကို ချစ်ခဲ့မိလို့။ သူ့ဘဝမှာ ဦးမောင်တစ်ယောက်တည်းကိုပဲ ချစ်နေခဲ့မိလို့။သူတို့အချစ်တွေ ထပ်တူညီခဲ့လို့ တော်သေးတာပေါ့။

နာကျင်ခဲ့ရတာတွေကို မေ့ပျောက်သွားတဲ့အထိ ဒီထက်ပိုပြီး ဦးမောင်ကို ချစ်ပေးပါ့မယ်။သူ့အချစ်တွေနဲ့ ဦးမောင်ဘဝတစ်ခုလုံးကို နွေးထွေးလုံခြုံ စေရပါမယ်။

ဝါဆိုဦးမောင် (Complete) Where stories live. Discover now