ဝါဆိုဦးမောင် ( ၁၅ )

1.2K 72 11
                                    

ညတုန်းက ကောင်းကောင်းအိပ်ပျော်၍ မနက်အိပ်ရာနိုးတော့ ကြည်ကြည်လင်လင်နှင့် နိုးထသည်။ဒီနေ့တော့ ဦးမောင် လာမနှိုးခင်ကတည်းက စောစောစီးစီး နိုးနေတာဖြစ်သည်။အိပ်ရာကနိုးတာနှင့် ဦးမောင်ကို အရင်ဆုံး လိုက်ရှာတာက ဒီရက်ပိုင်းအတွင်းမှာ အကျင့်ပင် ဖြစ်နေပြီ။

သူ မျက်နှာသစ်ပြီးထွက်လာတဲ့အထိ အခန်းထဲမှာ ဦးမောင်ကို မတွေ့။ ဘုရားခန်းရှေ့ သွားကြည့်တော့လည်း မရှိ။ အောက်ထပ်ကိုဆင်း၍ မီးဖိုချောင်ထဲ ရှိမလား ကြည့်တော့လည်း မဟုတ်။အတန်ကြာမှ အမှတ်ရ၍ အပေါ်ပြန်တက်ကြည့်ကာမှ ခေါင်းမိုးထပ်ပေါ်မှာ ပန်းပင်တွေ ရေလောင်းနေသူကို တွေ့သည်။

စနေ၊ တနဂ်နွေပိတ်ရက်ပြီးနောက် ဦးမောင်ကကျောင်းသွားရသည်မလို့ သူတို့ နှစ်ဦး အေးအေးဆေးဆေး အတူရှိရချိန်က ညနေဘက်နှင့် ညဦးပိုင်းအချိန်သာ။

မနက်စောစောထ​ပြီး တစ်နေကုန် ကျောင်းသွားရသူမလို့ နားချိန်လေးကို သူကလည်း မနှောင့်ယှက်ချင်။ညဦးပိုင်းအထိ စကားပြောပြီးတာနဲ့ စောစောအိပ်စေ၍ ဝါဆိုလည်း ကိုယ့်အခန်းကို ပြန်သည်။ဒါတောင် ဦးမောင်က သူတစ်ယောက်တည်း ပျင်းနေမည်ဆိုး၍ ညနေဘက်ဆို စျေးချိုဘက်​ဖြစ်​ဖြစ်၊ shopping centreတစ်ခုခုကို ခေါ်သွားတတ်သည်။

ဒီနေ့က စနေနေ့ ပိတ်ရက်မလို့ မနက်စောစောကို ပန်းပင်ရေလောင်းနေဟန်တူသည်။အရင်ရက်တွေက ညနေနေအေးမှ အပင်ရေလောင်းတာများသည်။

အသံမပေးဘဲ ခြေသံလုံလုံနှင့် လျှောက်လာသောကြောင့် သူ ရောက်နေသည်ကို မရိပ်မိ။အနားရောက်မှ ခါးကနေ ဆွဲဖက်လိုက်တော့ ရုတ်တရက်မို့ လန့်သွားဟန်တူသည်။ သို့ပေမယ့် အနောက်ကိုလှည့်ကြည့်ပြီး သူ့ကိုမြင်တာနှင့် ပြုံးပြနှုတ်ဆက်သည်။

"Morning baby"

'What the.. ' ဒီတစ်ခါ တကယ်အလန့်တကြား ဖြစ်သွားရသူက ဝါဆို ကိုယ်တိုင်။baby တဲ့။ ဘယ်လိုတောင် ခေါ်ချလိုက်တာလဲ။သူ့မှာ သဘောကျတာလိုလို ရှက်သလိုလိုနှင့် ဘယ်လိုပင် ခံစားရမှန်း မပြောတတ်။သေချာတာက သူ့မျက်နှာက ပြုံးတော့မလို မဲ့တော့မလိုနှင့် အနေရခက်နေသည်။

ဝါဆိုဦးမောင် (Complete) Wo Geschichten leben. Entdecke jetzt