အပိုင်း - ၆၇

Start from the beginning
                                    

သူကျောင်မေးလန်နဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုလိုက်ပြီး ကျီလျောင့်ရဲ့ နေရောင်အောက်မှာမျက်စိကျိန်းလောက်အောင် တောက်ပတဲ့အပြုံးလေးနဲ့ သူထိုင်နေတဲ့ကျောက်တုံးပေါ်မှာ ခြေထောက်ဖြူဖြူလေးတွေကို လှုပ်ယမ်းနေတဲ့ပုံလေးတွေကို လိုက်ကြည့်ချင်လာတယ်။

သူ့ရဲ့ရှက်ဖွယ်တုန့်ပြန်မှုတွေက ပိုပြီးတောင်ရောပါလာတယ်။ နောက်ဆက်တွဲဖြစ်ခဲ့တဲ့မတော်တဆနဲ့ ကျောင်မေးလန်ရဲ့သူ့အပေါ်ညှာတာခြင်းမရှိလုပ်ခဲ့တာသာမရှိဘူးဆိုရင် သူ့ရင်ထဲကကောင်လေးနဲ့ ဒီနေ့လိုမျိုး တဆင့်ချင်းစီ ပုန်ကန်နိုင်မှာတောင်မဟုတ်ဘူး။

စကားလုံးအနည်းငယ်နဲ့တင် အဲ့မိသားစုထဲမှာ သူမပျော်ရွှင်မှန်းသိနေရပြီ။

ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျီလျောင်မသိပေမယ့် နောက်ပိုင်းတွေက ပြောလို့မကောင်းတာကြောင့် တစ်ဖက်ကောင်လေးက ဆက်မပြောတော့တာဖြစ်ကြောင့် သူသတိပြုမိလိုက်တယ်။

သူရုတ်တရက် ဟဲ့ချန်းမင်အကျီလက်ကိုဆွဲကာ သူ့ကိုရပ်ကြည့်လိုက်တယ် "အဲ့တာဆို မင်းမှာ ပိုက်ဆံရှိသေးလား?"

တဖက်ကောင်လေးက အိမ်ပေါ်ကဆင်းလာတယ်ဆိုတော့ သူ့မိသားစုကပြင်းပြင်းထန်ထန်ကန့်ကွက်ကြမှာပဲ။ ဟဲ့ယွဲ့ကျင်းနဲ့ ကျောင်မေးလန်တို့နှစ်ယောက်စလုံးက သူတို့တွေကို မလောက်လေးမလောက်စားလေးတွေလို ကြည့်ကြတာ။ သူတို့တွေ သူ့ရဲ့ကတ်ကို ပိတ်လိုက်မှာလား?

နောက်ပြီး အဲ့လိုမျိုးတွေက တီဗွီထဲမှာဖြစ်နေကျ။ ချမ်းသာတဲ့မိသားစုဝင်တစ်ယောက်က အိမ်ပေါ်ကဆင်းပြီးဆိုရင် သူတို့တွေက ကတ်ပိတ်ခံရတဲ့အပြစ်မျိုးကို လက်ခံရတယ်။

ကျီလျောင်သူ့အိတ်ကပ်ထဲ ဟိုစမ်းဒီစမ်းရှာကြည့်တော့ ဆယ်ယွမ်ကျော်လောက်ထွက်လာတယ်။ အိမ်မှာ ပိုက်ဆံနည်းနည်းတော့ထပ်ရှိသေးတယ်။ ဟဲ့ချန်းမင်ကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ကြည့်ကာ နည်းနည်းတော့ရှက်နေသလိုဖြစ်မိတယ်။ ပိုက်ဆံက ပေးလိုက်ဖို့တောင် တော်တော်လေးနည်းနေသေးတယ်။

"ဘာလို့လဲ ကိုယ့်ကိုစောင့်ရှောက်ပေးချင်လို့လား?" ဟဲ့ချန်းမင်မျက်ခုံးတွေပင့်ကာ အသံတိတ်ရယ်မောမိတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now