ချစ်စရာလေး။

သူဌေးကတော်ပတ်နှင့် ဘတ်ဟျွန်းက ယှဉ်တွဲထိုင်နေတာဖြစ်ပြီး မျက်နှာချင်းဆိုင်တွင်က ဒေါ်လေးဟယ်ရီ ထိုင်နေသည်။ ဒေါ်လေးဟယ်ရီဘက်အခြမ်းမှာပင် ချန်းယောလ်ဝင်ထိုင်လိုက်တော့ သူက ဘတ်ဟျွန်းနှင့်မျက်နှာချင်းဆိုင်။အဒေါ်ကြီးက မနက်စာစားဖို့ချန်းယောလ်အတွက်ပန်းကန်လုံးလေး လာချပေးသည်။

“ချန်းယောလ်လီ ဆံပင်တွေမခြောက်သေးဘူးဘဲ။ ရေစက်လက်နဲ့ အအေးပတ်ဦးမယ်”

ဒေါ်လေးဟယ်ရီက ချန်းယောလ်ဘက်ကြည့်ရင်းဆိုလာသည်။ တူကိုကောက်ကိုင်ရင်းထမင်းပူပူကိုတစ်လုပ်စားလိုက်ရင်း ချန်းယောလ်ခေါင်းခါသည်။

“ရပါတယ်။ဘာမှမဖြစ်ပါဘူး။”

“ဘာလို့ဘာမှမဖြစ်ရမှာလဲ။ ခေါင်းစိုရင် ဖျားတတ်တာကိုယ့်ဘာသာသိသားနဲ့ ချန်းယောလ်လီနော်။ မေမေ မပြောချင်ဘူး။ သွား ရေသွားသုတ်။”

သူဌေးကတော်ပတ်က ပါဝင်ပြောရင်းဆူပူလာပေမယ့် ချန်းယောလ် တုပ်တုပ်မလှုပ်။မျက်စိရှေ့က ဒီကောင်လေး သူ့အတွက် ဘယ်လိုစိတ်ပူပြုမူမလဲ စမ်းစစ်ကြည့်ချင်နေမိသည့်စိတ်ကပိုနေသည်မို့။

“အခန့်မသင့်လို့ပါဗျာ။ ဘာမှမဖြစ်ပါဘူး မေမေ ကောင်းကောင်းသုံးဆောင်ပါ.။”

သူဌေးကတော်ပတ်က တစ်ခုခုပြန်ပြောတော့မည်ပြင်စဉ်မှာပင် ဘတ်ဟျွန်းက ထိုင်နေရာကလှစ်ခနဲထပြေးသွားသည်မို့ ထမင်းစားခန်းအပြင်ဘက် လိုက်ကြည့်နေမိသေးသည်။

“မရဘူး သုတ်ရမယ်။ခဏလေး မေမေ တဘက်သွားယူ-”

သူဌေးကတော်ပတ်၏စကားမဆက်လိုက်ရပါ။အခန်းထဲကို ခပ်သွက်သွက်ပြန်ဝင်လာသော ဘတ်ဟျွန်း၏လက်ထဲတွင် ချန်းယောလ်သုံးနေကျ အပြာရင့်ရောင်တဘက်သေးလေး။ ချန်းယောလ်ထိုင်နေသည့်နားထိလာကာ တဘက်ကိုကိုင်ထား သည့်လက်သွယ်သွယ်တို့က ချန်းယောလ် ဦးခေါင်းထက် နေရာချလာသည်။ တအံ့တသြကြည့်နေသည့် မေမေ့ကိုကြည့်ရင်း ချန်းယောလ် ပြုံးလိုက်မိတာ အားရပါးရ။စိတ်ရှိတိုင်းသာဆိုလျှင် သူ့အနားက ထိုကောင်လေး၏ခါးကို ခပ်တင်းတင်းဆွဲပွေ့လျက် သူ့ပေါင်ပေါ် တင်ထိုင်ခိုင်းလိုက်မိပေတော့မည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now