Part 27

4.3K 745 93
                                    

Zawgyi

လင်းယံက ရတုကို ကျောပိုးသွားရင်း ကား
ထိုင်ခုံပေါ် အသာလေး ချပေးသည်။

ကားခါးပတ်ပါ ငုံ့ပတ်ပေးတော့ ရတုရဲ့ မျက်နှာ
ဖြူဖြူနုနုမှာ ပန်းရောင်သန်းသည်။

လင်းယံက ကားမောင်းတဲ့ဘက် ဝင်ထိုင်ပြီး
ရတုဘက်ကို လှည့်လာသည်။

"ရတု ဆေးခန်းသွားမှာမလား..."

ခုနတုန်းက ကလေးလို မျက်ရည်တွေကျပြီး
ငိုခဲ့မိတဲ့ ရတုအာဏာက အခုမှ ပုံမှန်အတိုင်း
တည်ငြိမ်သွားပြီး ငိုခဲ့မိတာကို ပြန်တွေးရင်း
ရှက်နေသည်။

"ငါက ဘာကိစ္စမျက်ရည်က ကျလိုက်ရတာလဲ
ငါ့အသက်လည်း ငယ်တော့တာမဟုတ်ဘူး
ငိုရမဲ့ အရွယ်လား ...ရတုရာ"
ခေါင်းကို မသိမသာ ငုံထားမိရင်း ရတု လက်သည်း
အချင်းချင်းဆိတ်လို့ ကိုယ့်ကိုကိုယ် အပြစ် တင်နေမိတယ်။

လင်းယံ မေးလိုက်တဲ့စကားကို ပြန်မဖြေတာမို့
ရတု ဘာလုပ်နေတာလဲ ဆိုပြီး ကြည့်လိုက်တော့
ဣနြေ္ဒကြီးတဲ့ ကိုရတုက ခေါင်းကြီးငုံ့ပြီး
ရှက်နေသလိုပင်။

"ရတု ငါမေးတာ ကြားလား
ဘာတွေ စဉ်းစားနေတာလဲ"

"အာ အင်း လင်းယံ
မင်းဘာပြောလိုက်တာလဲ"

"ရတု...မင်းကတော့နော်..
ဆေးခန်းသွားမှာလားလို့ မေးတာ"

"Aww..တော်ပါပြီကွာ အရမ်းထိသွားတာလည်း
မဟုတ်ဘူး
ပွန်းရုံပဲ့ရုံလေးကို..
ငါအိမ်ပဲ ပြန်လိုက်မယ်"

"ပွန်းရုံပဲ့ရုံ ဆိုပေမဲ့ အခု သွေးပူနေတုန်းမလို့လေ
မင်း ပြီးရင် နာလာတော့မှာ
ဆေးခန်းမသွားချင်ဘူးဆိုလည်း
ငါမင်းအိမ်လိုက်ခဲ့မယ်
မင်းက ပေပေတေတေ ပစ်ထားဦးမှာ
ဆေးရှိလား အိမ်မှာ
မရှိရင် တစ်ခါတည်း  ဆေးဆိုင်မှာ ဝင်ဝယ်မယ် "

လင်းယံ အိမ်ကိုလိုက်ခဲ့မယ်ဆိုတာကြောင့် ရတု
ရင်ခုန်သံ အနည်းငယ် မြန်သွားသည်။

လင်းယံနဲ့ ခွန်းသတို့နဲ့ ချိန်းပြီဆို အမြဲ လင်းယံရဲ့
Bar သို့မဟုတ် ဆိတ်ဆိတ်ငြိမ်ငြိမ် ကော်ဖီဆိုင်တွေ
မှာပဲ သူငယ်ချင်း ၃ယောက်ဆုံဖြစ်ကြတာများသည်။

Jay Jay:🍩🍩Donde viven las historias. Descúbrelo ahora