Part 6

7.1K 865 55
                                    

Zawgyi

'ကိုကိုက Califonia ကို သွားသင်ရမယ်ဆိုတော့
ဂျေဂျေးနဲ့ ခွဲရတော့မှာပေါ့"

"အင်း မြေပြင်သင်တန်းဆင်းလက်မှတ်ရအောင်
၃လခွဲ အရင်သွားတက်ရမှာ။
ပြီးမှ ၂ နှစ်ထပ်တက်ရမှာတဲ့ ဂျေဂျေးလေး
၃လခွဲပြီးရင် ကြားထဲ holiday 10 ရက် ပေးပါသေးတယ် ဂျေဂျေးရ။ အဲ့ချိန်ကိုကို တန်းပြန်လာမှာပေါ့"

"ဟွန်းးးးး ပြီးရော ဟိုရောက်သွားရင်
ဂျေဂျေးကို ပစ်မထားနဲ့နော်"

"ပစ်ထားစရာလား ပေါက်စလေးရဲ့"

.....................................................................

Califonia သွားမည့်နေ့ လေဆိပ်တွင်။

"ကိုကို ဂျေဂျေးကို မေ့မသွားနဲ့နော်
အားလပ်ရက်ရတာနဲ့ ဂျေဂျေးဆီ ပြန်လာခဲ့"

မျက်ရည်တွေကျပြီး ငိုသံပါနဲ့ လေဆိပ်ထဲ
အော်ပြောနေတဲ့ ဂျေဂျေးအသံလေးကြောင့် Immigration gateမှာ passport စစ်ခံနေရတဲ့
ခွန်းသပါ မျက်ရည်ဝဲပြီး စိတ်မခိုင်ချင်တော့ဘူး။

ခဏလောက်ပြေးသွားပြီး ချော့မြူ ချင်တဲ့စိတ်က
တားမရ ဆီးမရ။

ဘေးနားက Daddy က မျက်ထောင့်နီကြီးနဲ့ကြည့်နေတာမို့ စိတ်တင်းထားရတယ်။

လေယာဉ်ပေါ်ရောက်မှ Daddy ဘေးနားတင်
ခွန်းသ ခေါင်းမူးနေလို့ဆိုပြီး မျက်လုံးအုပ်ကြီး အုပ်ပြီး
ဟိုဘက်လှည့်ငိုနေလိုက်တယ်။

ဒီကလေးလေး အသက်၃နှစ်တည်းက စထိန်းကျောင်း ချီပိုးလာတာ အခု ဒီကလေး အသက်၁၀ နှစ်ရောက်တဲ့ထိ ၇နှစ်လုံးလုံး ၂ရက်ပြည့်အောင် မခွဲဖူးဘူး။

လေယာဉ်ပေါ်ရောက်ရုံရှိသေး
လွမ်းနေရပြီ ကိုကို့ဂျေဂျေးလေးရေ...

ကိုကိုမရှိရင် ထမင်းပုံမှန်စားဖို့ တီလေးကို ဂျစ်မတိုက်ဖို့ စာကြိုးစားဖို့တွေ အိမ်မှာ ဆုံးမနေတုန်းကထိ "ကိုကိုသွားမှာသာ သွား
ဂျေဂျေးကို စိတ်ချစမ်းပါ " ဆိုပြီး လူတတ်လေးလုပ်
ပြနေပြီး ဂျေဂျေးက အကောင်း။

ဒီကလေးက လေဆိပ်ရောက်မှ မျက်ရည်လေး ဝဲတဲဝဲတဲ နဲ့ ထငိုတော့ ခွန်းသမှာ ခြေမကိုင်မိ လက်မကိုင်မိ
ခရီးစဉ်ကြီးပါ ဖျက်ပစ်လိုက်ရမလားဆိုပြီး ရူးရူးမိုက်မိုက် တွေးမိတဲ့ထိ...

Jay Jay:🍩🍩Where stories live. Discover now