Part 24

4.1K 620 63
                                    

ဂျေဂျေး U.S ကိုရောက်ပြီး နောက် ၂ ရက်လောက်
နေတော့ စစ်ခွန်းသရဲ့ စီးပွားရေး ပါတနာ
နိုင်ငံခြားသားတွေက ရွှေတိဂုံကို ဖူးချင်တယ်
ဆိုလို့ ရွှေတိဂုံစေတီကို နောက်တစ်ခေါက်
ထပ်ရောက်ပါတယ်။

ဘုရားရင်ပြင်ပေါ် မတက်ခင် ဖိနပ်ထားရမဲ့ နေရာ
ရောက်တော့ ပါလာတဲ့ Foreigner နှစ်ယောက်ကို
ဖိနပ်ထားဖို့ ပြောရင်း ဂျေဂျေးကို နင့်နင့်သီးသီး
လွမ်းမိပြန်တယ်။

ခွန်းသ မွေးနေ့ မနက်အစောကြီး ဘုရားအတူတူ
လာတုန်းက ကိုယ့်ရဲ့ ပါရမီဖြည့်ဖက်လေး
ဂျေဂျေးက ခွန်းသရဲ့ ဖိနပ်ကို အတင်း
ကိုင်ပေးခဲ့တာပါလေ....။

"နေပါစေ ကိုကို့ဘာသာ ကိုကိုကိုင်မယ်"
ဆိုတာတောင် ခွန်းသရဲ့ နှလုံးသားလေး
ဂျေဂျေးက လက်မခံ။

" ကိုကိုကအကြီး
ဂျေဂျေးက အငယ် ဂျေဂျေးပဲ ကိုင်ပေးမယ်" ဆိုပြီး
ခွန်းသခြေထောက်က ဖိနပ်ကို ဆောင့်ကြောင့်
ထိုင်ပြီး ခွန်းသ ကတ္တီပါ ဖိနပ်ကို ကိုင်ပေးခဲ့တာ...။

ဂျေဂျေးလို ကောင်လေးမျိုးမှ မချစ်မိရင်
ခွန်းသ ဘယ်သူ့ကို ချစ်မိရပါ့ဦးမလဲ...။
လွမ်းတယ် ကိုကို့ကလေးရေ...။

ဘုရားပေါ် တက်လာပြီး ဖိနပ်ထားတဲ့စင်မှာ
ဖိနပ်ကြီး ကိုင်ပြီး ငိုင်နေတဲ့ ခွန်းသကို ဘေးနားက
နိုင်ငံခြားသားဧည့်သည်က လက်တို့တော့မှ အတွေးလွန်နေတဲ့ ခွန်းသ ပစ္စုပ္ပန်ဆီ ပြန်ရောက်လာပြီး
မနည်း သတိပြန်ကပ်ရတယ်။

မင်းကြောင့် အရာရာ အယောင်ယောင်အမှားမှားပါပဲ... ဂျေဂျေးရေ..။

...........................................................................

U.S ရောက်ပြီး ၈ ရက် အကြာ....။

Harvard Yard မှာ ကျောင်းက ခိုင်းတဲ့ Thesis ကို ခေါင်ဖုန်းနဲ့ Morin တို့နဲ့အတူ လုပ်နေကြရင်း
ဂျေဂျေး ဝှားခနဲ သမ်းလိုက်တယ်။

"ခေါင်ဖုန်း ခဏနားရအောင်ကွာ
Thesis တင်ဖို့က အချိန်တွေ အများကြီး
ကျန်ပါသေးတယ်
Morin ရော "

"အေး နားကြမယ်လေ
ငါတို့လည်း ဦးနှောက်တွေ ခြောက်လာပြီ
၂နာရီတောင် ရှိပြီဆိုတော့"
ခေါင်ဖုန်းက သူ့ Laptop ကို ပိတ်လိုက်ရင်း
ဆိုတယ်။

Jay Jay:🍩🍩Where stories live. Discover now