Part 3

7.7K 960 23
                                    

Zawgyi

ဂျေဂျေး စကားကြားတော့ တီလေးက
မျက်မှောင်တစ်ချက်ကုပ်လို့

" မဆိုးနဲ့လေ ဂျေဂျေး
ကိုကိုနဲ့က ဂျေဂျေး ကျောင်းကပြန်လာရင်
တွေ့ရမှာပဲ"

"ကိုကိုနဲ့ပဲ တူတူတက်ချင်တာလို့
မာမီ ...."

သူ့အမေကို လှမ်းပြောရုံတင် အားမရတဲ့ ဂျေဂျေးက
ဆိုဖာပေါ်က စစ်ခွန်းသ ပေါင်ပေါ်ကို လုံးတုံးလုံးတုံးနဲ့
တက်လာပြီး

"ကိုကိုလို့... မာမီ့ကို ပြောပေးနော် နော်.."

ခွန်းသ လည်ပင်းကိုဖက်ပြီး နှာခေါင်းလုံးလုံးလေး
နဲ့ ခွန်းသ ပါးကို တရွှတ်ရွှတ် နမ်းတယ်။

"သည်ဘက်ကော ဟိုဘက်ကော
မွမွတွေ များရီးထပ်ပေးမယ်လေ.. ကိုကို
မာမီ့ကို ပြောပေးနော်..."

ပေါင်ပေါ်တက်ထိုင်လို့ ရင်ခွင်ထဲထိပါ ဝင်ချွဲတဲ့
၅နှစ်သားလေး ဂျေဂျေးရဲ့ ဥာဏ်များမှုကို
ခွန်းသ တောင့်မခံနိုင်ဘူး။

ဒီကလေးပေါက်စကို အရမ်းချစ်လွန်းလို့
သေတော့မလိုတောင် ခံစားရတယ်။

တစ်ဆက်တည်းမှာပဲ ဂျေဂျေးဆန္ဒအတိုင်း
ခွန်းသတက်တဲ့ကျောင်းမှာပဲ
တူတူတက်စေပြီး ခွန်းသ ရအောင်ကာကွယ်မယ်လို့
ဆုံးဖြတ်လိုက်တယ်။

ဂျေဂျေး ချွဲသံအပြီးမှာ
တီလေးကလည်း တစ်စုံတစ်ခုကို အလိုလိုနားလည်
သဘောပေါက်လိုက်တယ်။

ဂျေဂျေးဘက်မှာ ဘက်တော်သား
တစ်ယောက် တိုးသွားပြီ ဆိုတာကို။

'ဟင်းးးးးးးး ဂျေဂျေး....ဂျေဂျေး...
နင်တော်တော်တတ်နေနော်
အသက်က လက်တောက်လောက် ရှိသေးတယ်
ခွန်းသကို ကပ်ချွဲနေတာများ လူလေးနဲ့မှ မလိုက်
ဥာဏ်နီဥာဏ်နက်က တစ်ကိုယ်လုံး
အပြည့်ပဲ"

"ကဲ သား ခွန်းသ ဘယ်လိုလုပ်ကြမယ်..
ဂျေဂျေး ငရစ်က ဒီတစ်ခေါက်တော့
ဖျောင်းဖြလို့ ရမဲ့ပုံလည်း မပေါ်ဘူး။

"ရပါတယ် တီလေး
သား နဲ့ကျောင်းအတူတူ ခေါ်သွားလိုက်မယ်လေ
တီလေးကလည်း အလုပ်တစ်ဖက်နဲ့
ပြီးတော့ တခြားကျောင်းဆို
ကျွန်တော်တို့ မမြင်ရတဲ့ မမြင်ကွယ်ရာမှာ
ကျွန်တော်လည်း ဂျေဂျေးကို စိတ်မချဘူး။
ကျွန်တော့်မျက်စိအောက်မှာဆိုတော့
ဂျေဂျေးလည်း ပိုလုံခြုံတာပေါ့"

Jay Jay:🍩🍩Where stories live. Discover now