Zawgyi
ဂစ်တာကြိုးညှိပြီး ပထမဆုံး ထွက်လာတဲ့
သီချင်းသံ သြရှရှလေး ကြားရတဲ့အချိန်မှာတော့
ခွန်းသ သောက်လာသမျှတွေ အမူးပြေပြီး
ချက်ချင်း မျက်လုံးပြူးသွားးရပါတယ်။ဂျေဂျေး ဆိုပြနေတဲ့ သီချင်းက...
အခု လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့
စိုင်းစိုင်းခမ်းလှိုင်ဆိုထားတဲ့
လိမ်စမ်း ညာစမ်းဆိုတဲ့ သီချင်းလေး....ဂျေဂျေး သီချင်းစဆိုပါပြီ ဆိုကတည်းက
စဝင်လာတဲ့ သီချင်းစာသားလေးက"လိမ်စမ်း ညာစမ်း နှလုံးသားကို🎶
အရည်ပျော်သွားအောင်လုပ်🎶
နင်မရှိရင် မဖြစ်တဲ့ငါ့ကို🎶
နင် အနိုင်ယူလိုက်ပါဦး.....🎶" တဲ့။စစ်ခွန်းသ ဘဝမှာ ဂျေဂျေးကို ဒါပထမဆုံး
ညာဖူးတာပဲ ဖြစ်တယ်။အဲ့တာကို ဂျေဂျေး လာဆိုပြနေတဲ့ သီချင်းက
လည်း တိုက်တိုက်ဆိုင်ဆိုင်
"လိမ်စမ်းညာစမ်း" ဆိုတဲ့ ခေါင်းစဉ်နဲ့သီချင်းဖြစ်
နေတော့ ခွန်းသ မျက်လုံးမပြူးဘဲ နေနိုင်ပါ့မလား..သောက်ထားသမျှ ဝိုင်တွေ ပြန်အန်မထွက်တာပဲ
ကျေးဇူးတင်နေရပြီ။"ဘယ်လိုလှည့်စားမလဲ နားလည်တယ်...🎶
လိမ်ပေါ့ ညာပေါ့ ငါ့ဘဝကို🎶
လိမ်ညာလိုက်ပါဦး🎶"သီချင်း ဆုံးခါနီးလာလေလေ ခွန်းသကို ပြုံးစစနဲ့
စိုက်ကြည့်ပြီး ဆိုနေတဲ့ ဂျေဂျေးရဲ့ အကြည့်ရဲရဲတေ
ကြောင့် ခွန်းသလည်း လည်ဂုပ်တွေ ဟိုပွတ်
ဒီပွတ်လုပ်ရင်း ဂဏှာမငြိမ် ဖြစ်လာတယ်။သီချင်းဆုံးသွားတော့ ဂျေဂျေးက ဂစ်တာကို
မြက်ခင်းပေါ် အသာချလို့ ခွန်းသကို
စိုက်ကြည့်ပြီး ပြောလာတယ်။"ကိုကို"
"ဟွန်"
"ကိုကို့ကို ဒီနေ့ ဘာလို့မှန်းမသိဘူး
ဂျေဂျေး အပြစ်ပေးချင်နေတယ်
ကိုက်ခံမှာလား""ကိုက်ခံမှာပေါ့
ဘာကြောင့်မှန်းမသိ ဂျေဂျေး က အပြစ်ပေးချင်နေတယ်ဆိုလည်း ကိုကိုက ခံယူဖို့ အသင့်ပါပဲ"ခွန်းသ စကားအဆုံးမှာ ဂျေဂျေးက
ခွန်းသ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လာပြီး
ခေါင်းတချက်စောင်းကာ လည်ပင်းအောက်နားကို
ခပ်ဖွဖွကိုက်ပါတယ်...
BẠN ĐANG ĐỌC
Jay Jay:🍩🍩
Lãng mạnBoth Zawgyi and Unicode Myanmar BL Romance& Drama Own Creation လေကြောင်းလိုင်းတွေအများကြီးပိုင်တဲ့ ခရိုနီသူဌေး ကြီး ဓနရှင်ရဲ့ တစ်ဦးတည်းသောသား"စစ်ခွန်းသ" ဘေးအိမ်ကို ပြောင်းလာတဲ့ သူ့ထက် 6နှစ်ငယ်တဲ့ ကလေးလေး "ဂျေဂျေး(Jay Jay)" ဖခင်ရဲ့ စည်းကမ်းတွေ ပုံစ...