Part 47

3.3K 295 87
                                    

အလောင်းကို ရင်ခွဲရုံ ပို့မှာဖြစ်လို့ ဂျေဂျေးကို
ဖယ်ခိုင်းလည်း မရ။

အလောင်းကို ကျစ်ကျစ်ပါအောင်ဖက်ပြီးငိုနေတဲ့
ဒီကောင်လေးကို ရဲ ၆ ယောက်လောက်က
ဝိုင်းဆွဲခွါကြမှာသာ ရုန်းရင်းကန်ရင်း
ဂျေဂျေး ကျန်ရစ်ခဲ့သည်။

"ညီခေတ် ခဏနေရင် ဒို့ မင်းကိုကိုဆီ
လိုက်ပို့မယ်လေ
အခု ခဏတော့ အိမ်ပြန်ရအောင်နော်"

"မဟုတ်ဘူး မမနိုင် ..
ကိုကို့ကို ကျွန်တော် ဒီလိုကြီး..ဒီလိုကြီး အဆုံးရှုံးမခံနိုင်ဘူးဗျ
ကိုကို မဟုတ်ဘူးလို့ပဲ ပြောပေးပါ
ကျွန်တော် ရှိကြီးခိုးပါတယ်
ကျွန်တော် ရှိကြီးခိုးပါတယ်ဗျာ..."

ဆွဲထူနေတာတောင် မရဘဲ မိုးမမနိုင်ကို လက်အုပ်ချီ
တောင်းပန်နေတဲ့ ဂျေဂျေးကို​ကြည့်ရင်း
အသည်းမာတတ်တဲ့ မိုးမမနိုင်ပါ ငိုမိတော့တယ်။

အဲ့နေ့က မြန်မာပြည်မှာရော ၊ကမ္ဘာ့မီဒီယာ
တော်တော်များများမှာပါ ခွန်းသရဲ့ ကားမီးလောင်ပေါက်ကွဲပြီး သေဆုံးနေတဲ့ ပုံတွေအပြင် ဂျေဂျေးဒူးထောက် အော်ဟစ်ငိုယိုနေတဲ့ပုံတွေပါ ယှဉ်တွဲတက်လာတယ်။

ဒါ့အပြင် ဂျေဂျေးနဲ့စစ်ခွန်းသ Massachusetts မှာ Shopping Date နေတဲ့ ပုံတွေပါ တက်လာပြီး သူဌေးကြီး ဦးဓနရှင်ရဲ့ တစ်ဦးတည်းသော သားလေးက Gay ဖြစ်နေခဲ့တယ်ဆိုတဲ့ သတင်းတွေကပါ ပလူပျံနေခဲ့တယ်။

ဟားတဲ့သူက ဟား ၊ သေကွဲကွဲရလေခြင်း ဆိုပြီး
စိတ်မကောင်းဖြစ်တဲ့သူတွေကလည်း တကျွတ်ကျွတ်နဲ့ စိတ်မကောင်းဖြစ်နေချိန်
အဲ့နေ့ ညမှာပဲ ထပ်တက်လာတဲ့သတင်းတစ်ခုက
စစ်ခွန်းသ သေဆုံးတဲ့သတင်းကိုတောင် ကျော်တက်ပြီး Hot ဖြစ်သွားခဲ့တယ်..။

ဒါကတော့ ဂျေဂျေးနဲ့ မိုရင်း အိပ်နေတဲ့ပုံတွေကို
Website တစ်ခုကတင်ခဲ့ပြီး မိုရင်းရဲ့မျက်နှာကို
တော့ ဝါးထားခဲ့ပေမဲ့ ဂျေဂျေးရဲ့ မျက်နှာကိုတော့
"ဒါဟာ ညီခေတ်လွန်းနောင်ပါ" လို့ သံသယဝင်စရာမလိုအောင် ကြည်တောက်နေတဲ့ HD Photo
တွေကို တင်ထားခဲ့ခြင်းပင်..။

Jay Jay:🍩🍩Where stories live. Discover now