Part 11

5.9K 801 89
                                    

Zawgyi

ဂျေဂျေး မနက်နိုးလာတော့ ကိုယ့်အိမ်ကိုယ်ပြန်
ရောက်နေပြီ။

ညက အကြောင်းတွေကို လုံးဝ မမှတ်မိတာမို့
ငါဘာတွေ ဖြစ်ခဲ့တာလဲလို့ ခေါင်းကို ကိုင်ရင်း
စဉ်းစားလိုက်တယ် လို့ ထင်ပါသလား...

ဘာမှ မမှတ်မိစရာအကြောင်း မရှိဘူး......

ဂျေဂျေးပါ မပိုင်ရင် ခြင်တောင်မရိုက်ဘူး
ဘီယာ ၅ခွက်လောက်နဲ့မူးရင် ဂျေဂျေးလို့
ခေါ်မနေနဲ့တော့။

ဘီယာ ၅ခွက် မပြောနဲ့ VODKA 5ခွက်သောက်
တောင် ဂျေဂျေးဆိုတဲ့ကောင်က နည်းနည်းမှ မမူးဘူး

ညက ကိုကို့ကို အကြံကြီးနဲ့ရောယောင်
ဖွင့်ပြောပြီး နမ်းလိုက်တာ ကိုကိုငြင်းမယ်
ထင်နေပေမဲ့ ကိုကိုကပါ ဂျေဂျေး အနမ်းတွေကို
တုံ့ပြန်လာတော့ ဘယ်လောက်တောင် ပျော်ရ
သလဲ...

ကိုကို့နှုတ်ခမ်းတွေက တကယ်ချိုတာ
ကိုကို့ရဲ့ နှုတ်ခမ်းတွေက နူးညံ့အိထွေးလွန်းလို့
နမ်းနေရင်း ကိုက်ဆွဲပစ်ချင်စိတ်ကို ဂျေဂျေး
မနည်းထိန်းထားခဲ့ရတာ။

ဒါနဲ့ နေပါဦး ကိုကိုကလည်း ဂျေဂျေးအနမ်းတွေကို
တုံ့ပြန်တယ်ဆိုတော့ ကိုကိုကလည်း ဂျေဂျေးချစ်
နေသလို ပြန်ချစ်နေတာလား..

အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အိပ်ရာနိုးနိုးချင်း အပေါ်ထပ်ကနေ
အာပြဲကြီးနဲ့ အော်ဟစ်ပြေးဆင်းလာပြီး
မအေကို ပြေးလာဖက်နေတဲ့ဂျေဂျေးကြောင့်
ဒေါ်နန်းဝတီလွန်း ပြုံးလိုက်မိတယ်။

မနေ့ညက ခွန်းသ ကျောကုန်းပေါ်မှာ အိပ်ပျော်
လာတဲ့ သားဂျေဂျေးက အိပ်နေရင်းတောင် ပြုံးလို့...

ကြည့်ရတာ ညက ကလပ်သွားရင်း
သားငယ် ဂျေဂျေးမှာ ပျော်စရာကိစ္စ တစ်ခုခု
ရှိလာတဲ့ပုံပါပဲ....

............................................................

ရေချိုး ဖီးလိမ်း ပြင်ဆင်ပြီးတော့ ဒီနေ့လည်း
ကိုကိုနဲ့ အပြင်သွားဖို့ ကိုကို့ ဖုန်းကို
ဆက်လိုက်တယ်။

ဖုန်းပိတ်ထားပါတယ်ဆိုတဲ့ operator ကထွက်လာတဲ့ စကားသံကြောင့် ဂျေဂျေး အလိုမကျ ဖြစ်သွား
ရတယ်။

Jay Jay:🍩🍩Unde poveștirile trăiesc. Descoperă acum