Part 42

1.5K 310 74
                                    

ကိုကိုက ဂျေဂျေးတို့ ၁၀ လ ပြည့် Anniversary မှာ ဂျေဂျေးဆီ ၃ ရက်တိတိ နေသွားပြီး ကပ်ချွဲနေခဲ့တာမို့ မနည်းပြန်နှင်လွှတ်ရသည်ပင်။

အလုပ်တွေတစ်ခုပြီးတစ်ခုပေါ်လာတာမို့ ရုံးချုပ်က ဖုန်းတဂွမ်ဂွမ်ဆက်လာတိုင်း မျက်နှာငယ်နဲ့
မပြန်ချင်ဖြစ်နေတဲ့ ကိုကို့ကို ဂျေဂျေး အချစ်ပိုရပါတယ်။

" နောက် ၁ လခွဲကျော် လောက်ဆို ဂျေဂျေး စာမေးပွဲ ဖြေပြီးတာနဲ့ ကျောင်းလည်းပြီးပြီ..
အဲ့ခါကျ မြန်မာပြည်အပြီးပြန်လာရတော့မှာပဲဟာ...အဲ့ခါကျမှ အဝတွေ့" ဟု ဖျောင်းဖြမှသာ မျက်နှာလေးဝင်းပြီး ပြန်သွားတဲ့ ကိုကိုရယ်ပါ။

Harvard ရဲ့ Final Exam က သိပ်ခက်ပြီး အကျ ရာခိုင်နှုန်းများပေမဲ့ ဂျေဂျေးတို့ သုံးယောက်လုံးက စိတ်မပူပါ..။
တစ်နှစ်ပတ်လုံး ကောင်းကောင်းလုပ်တာထက် ပိုတဲ့ အားထုတ်မှုတွေနဲ့ စာကြိုးစားခဲ့ကြတဲ့သူတွေမို့ Exam ကို လွတ်လွတ်ကျွတ်ကျွတ် အောင်မယ်
ဆိုတာ သေချာပြီးသားပင်။

..............................................................

ခွန်းသ မြန်မာပြည်ပြန်ရောက်ပြီး တစ်ပတ်လောက် နေတော့ လင်းယံက ထူးထူးခြားခြား အကူအညီတစ်ခု တောင်းစရာရှိသည်ဟုဆိုကာ ချိန်းသည်။

ပေါင်းလာတဲ့ အနှစ် ၂၀ အတွင်း အကူအညီတောင်းဖူးတဲ့ အကြိမ်က လက်ချိုးရေလို့ရလောက်တဲ့ လင်းယံက အကူအညီတောင်းလာသည်ဆိုတော့ ခွန်းသ မျက်ခုံးတွေ ပင့်တက်သွားသည်။

"ပြော လင်းယံ"

အရှေ့က ခွန်းသ မျက်နှာကို အားနာသလို ကြည့်နေရင်းက

" ငါ ရတုနဲ့ချစ်နေတာကို မယ်တော်ကြီး သိနေပုံပဲ
အခုတလော ငါ့ပတ်ဝန်းကျင်မှာ အိမ်က လူတွေကို ခဏခဏတွေ့နေရတယ်"

ခွန်းသ က ခပ်ဆဆ ခေါင်းညိတ်ရင်း
"အွန်း အဲ့တော့ ငါက လူလွှတ်ပြီး ရိုက်ပေး
ခိုင်းရမလား"

စနေဟန် မတူတဲ့ ခွန်းသက အတည်ပေါက်ကြီး
အဲ့လို ကူညီဖို့ ကြံစည်နေဟန်...။

Jay Jay:🍩🍩Where stories live. Discover now