Part 13

6K 839 88
                                    

Zawgyi

Club မှ ပြန်လာသည့်ည....။

ဂျေဂျေးငမူးလေးကို လိုက်ပို့ပြီး ခွန်းသ မျက်နှာမှာ
သကာရည်လောင်းထားသလို ပြုံးချို ပြီး
အိမ်ပြန်လာခဲ့သည်။

အချိန်က ည ၁နာရီတောင် ထိုးနေပြီ။

"စစ် ခွန်း သ !!!"

တင်းမာနေတဲ့ မျက်နာနဲ့ Laptop ကိုကြည့်နေရင်း
လှမ်းခေါ်လိုက်တဲ့ Daddy ကို မြင်တော့
ခွန်းသ တအံ့တသြ။

"Daddy အခုထိ မအိပ်သေးဘူးလား"

"အေး မအိပ်နိုင်သေးဘူး
မင်းရဲ့ အရှုပ်ထုပ်တွေကို နောက်က လိုက်ဖြေ
ရှင်းနေရလို့လေ"

"Daddy ကျွန်တော်က ဘာလုပ်လို့လဲ"

"ဘာလုပ်လို့လည်းဆိုတော့ ဒီကို
လာကြည့်လေ စစ် ခွန်း သ !"

Laptop ကိုမေးငေါ့ပြရင်း ပြောလိုက်တဲ့
Daddy ကြောင့် ခွန်းသဘေးနားထိုင်ရင်း
ကြည့်လိုက်တော့ laptop ထက်က Videoကြောင့်
ခွန်းသမျက်နှာ ရေနွေးပူနဲ့ ပက်ခံလိုက်ရသလို
ရဲတက်သွားရသည်။

ဒါက.. ဒါက...
ဂျေဂျေးနဲ့ ခွန်းသ နမ်းနေတဲ့ Video ....

"မင်း ဘယ်လို ရှင်းပြချင်သေးလဲ စစ်ခွန်းသ
ကြိုက်နေတာလား ??အဲ့ ဂျေဂျေးဆိုတဲ့
ကောင်လေးကို မင်းကြိုက်နေတာလား??"

"မကြိုက်ပါဘူး Daddy "

"အေး အဲ့တာဆို ဒီ နမ်းနေတဲ့ "

"ချစ်တာ... Daddy
ဂျေဂျေးကိုကျွန်တော်ကြိုက်တာမဟုတ်ဘူး
ချစ်တာ..."

"ဘာ!!!!! စစ်ခွန်းသ
မင်း ငါ့ကို လာနောက်နေတာလား!"

"မနောက်ပါဘူး Daddy
ကျွန်တော် အမှန်တရားကိုပဲ ပြောနေတာပါ"

"Gay လား  စစ်ခွန်းသ ဟမ်!!
မင်းက Gay လားလို့!!
ငါ့တစ်ဘဝလုံး ရင်းပြီး ပျိုးထောင်ခဲ့ရတဲ့ ငါ့သား
မင်းက Gay လားလို့ မေးနေတာ!"

"Gay ဆိုတာ ဘာကိုဆိုလိုတာလဲ Daddy
ယောကျာ်းတစ်ယောက်က နောက်ယောကျာ်းလေး
တစ်ယောက်ကို ချစ်မိပါတယ်ဆိုတာနဲ့
Gay လို့ သတ်မှတ်ကြတာလား
အဲ့တာဆိုရင်တော့ ကျွန်တော်လည်း
Gay လို့ သတ်မှတ်ပြီး ဝန်ခံလိုက်ရုံပေါ့
ကျွန်တော် ငြင်းစရာမရှိပါဘူး"

Jay Jay:🍩🍩Where stories live. Discover now