I can only imagine 1

Start from the beginning
                                    

"ဟားဟား အဖေလား ကျုပ်ကို စိတ်ဆိုးမှာ အဟက် သူ့မှာ ကျုပ့်အတွက် စိတ်ဆိုးဖို့ အချိန်ရော ပေးနိုင်လို့လားလို့ အရင် မေးပေးစမ်းပါအုံးဗျ ''

သားတစ်ယောက်အတွက် ဘယ်တော့မှ အချိန် မပေးခဲ့သည့် ဖအေတစ်ယောက်အပေါ် အမြဲ အရွဲ့တိုက် ဆိုးသွမ်းပြနေပေမဲ့ အချိန်ကြာလာတော့ အာ့ဒီ အရွဲ့တိုက်မှုကနေ အကျင့်ဆိုးကြီးတစ်ခုလို ဖြစ်လာလေသည်။ ဘယ်သူ့မှ အချိန်ပေးပြီး ဆုံးမပဲ့ပြင်သူ မရှိတော့ ထင်တိုင်းကြဲ ထင်တိုင်း ဆိုးသွမ်းနေတော့သည်။ ဖခင် ဦးဂုဏ်ရှင်ကလည်း လေးညို့ရှင် ဖျက်ဆီးခဲ့သမျှ အရာတိုင်း အနောက်က ငွေနဲ့ပဲ အမြဲ ဖြေရှင်းပေးရတာ ဓလေ့ တစ်ခုလိုတောင် ဖြစ်လာလေသည်။

💛💛💛💛💛💛💛💛💛💛💛💛💛💛💛💛

"သား ဘာလုပ်နေတာလဲ ''

ကျောင်းစာတွေကို အသေအချာ ကျက်မှတ်နေခိုက် ဖခင် ဖြစ်သူ၏ အမေးစကားကြောင့် လေးညို့ရှင်မှာ ဝမ်းသာအားရ စာအုပ်ကို မြောက်ပြ၍

" စာကျက်နေတယ် အဖေ သား ဒီတပတ်လည်း အဆင့်၁ ရပြန်တယ် ဖေဖေ''

"ဟာ ငါ့သားက တော်သားပဲ သား ဖေဖေ သားကို ပြောစရာ ရှိတယ် ''

"ဟုတ်ကဲ့ အဖေ ''

ဦးဂုဏ်ရှင် လေးညို့ရှင်၏ ခေါင်းကို ပွတ်သပ်၍

" အဖေ နောက်အိမ်ထောင် ပြုတော့မယ် ''

"ဗျာ.... ''

လုံးဝ မထင်မှတ်ထားသော စကားတစ်ခွန်း သားအတွက် အချိန် မပေးနိုင်သည့် အဖေကလေ နောက်အိမ်ထောင် ပြုဖို့တော့ အချိန် ရှိသေးတာပဲ။ လေးညို့ရှင်၏ အဆင့်မှတ်တမ်းစာရွက်လေးကို စားပွဲခုံပေါ်၌ ချလိုက်၍ ထသွားလေသည်။ သူ့ဆီက လက်ခံသလား လက်မခံဘူးလား ဆိုတာတောင် တချက် မမေးပါပဲ အသိပေးရုံသက်သက် ပြောကာ ထွက်သွားသည့် အဖေ့ကျောပြင်လေးကို ကြည့်ကာ ယောကျာ်းတန်မဲ့ မျက်ရည်တွေက ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။ အဆင့်မှတ်တမ်းစာရွက်လေးပေါ်က အဆင့်၁ ဆိုတာလေးသည် သူကို လှောင်နေတာက လွဲလို့ပေါ့။ အဆင့်၁များ ရရင် အဖေ သားကို နည်းနည်းလောက် အဖက်လုပ်မယ် ထင်ရုံကလွဲလို့ပေါ့ အဖေရယ်။

I can only imagine Where stories live. Discover now