အခုမှတော့ ဘာမှ မထူးတော့သဖြင့် ဘဝင်ရူးမကိုသာ သူ သိလိုတာ လှမ်းမေးရတော့သည်။

"ငါကို ဘာလို့ သူက ဒီကို ခေါ်လာရတာလဲ။”

David မေးတော့ Emily က စိတ်မရှည်သည့် လေသံနှင့် ပြန်ဖြေသည်။

"Tribrid ဖြစ်ဖို့ဆို အဆိပ်ယူထားတဲ့ Hybrid တစ်ယောက်ရဲ့ သွေးသားကို စတေးဖို့ လိုတယ်။
အဲ့တာကြောင့် နင့်ကို ခေါ်သွားတာ။
နင် အခုနိုးပြီဆိုတော့ အဲ့နေရာက အမြန်ထွက်ခဲ့တော့။”

အချိန် အတော်ကြာ မေ့မောနေသဖြင့် အားအင်ဆုတ်ယုတ်​ေနပါသည်ဆိုမှ Emily ၏ ငှက်ဆိုးထိုးသံကြောင့် လက်ကျန် ခွန်အားလေးတွေပင် အကုန် ကုန်ဆုံးသွားသလို ခံစားလိုက်ရသည်။

သက်ပြင်းချကာ ယိုင်တိုင်တိုင် ထရပ်ရင်း အပြင်ထွက်မည် လုပ်တော့ ခြေသုံးလှမ်းမှာပင် မမြင်သည့်အရာနှင့် တိုက်မိသလို ဖြစ်ကာ ဖင်ထိုင်လျှက် ပြုတ်ကျသွားသည်။

အလန့်တကြား ငုံ့ကြည့်လိုက်မှ သူ စည်းဝိုင်း တစ်ခုတည်းတွင် ရောက်နေမှန်း သိလိုက်ရသည်။
ထို့နောက် Witch တွေသာ ဖတ်တတ်သည့် အခြား ဘာမှန်းမသိသော စာတွေကိုလည်း ကပ်ထားသေးသည်။

"အတားအဆီး မန္တာန် တစ်ခုရှိတယ် ထင်တယ် Emily
ဒီမှာ စည်းဝိုင်းတွေရော စာတွေရော။”

"အင်း ငါ ထင်တော့ ထင်သားပဲ။
နင့်ကို ဒီအတိုင်းတော့ မထားခဲ့လောက်ဘူးလို့။”

အဲ့တာဆိုလည်း l** ဖြစ်လို့ အစထဲက ထွက်ခိုင်းတာလား။

ဖင်ထိုင်လျက် ကျသွားသဖြင့် နာသွားသော မြှီးညှောင်ရိုးကို ပွတ်ကာ David စိတ်ထဲက ကျိန်ဆဲနေမိသည်။

"အဲ့တာဆို ငါက အခု ဘာလုပ်ရမှာလဲ။”

သူက လေသံ ခပ်ဆတ်ဆတ်နှင်​့ ပြန်မေးလိုက်တော့ Emily က အသေအချာ လေးလေးနက်နက် ပြန်ပြောသည်။

"နင့် လက်တွေကို ဆန့်ထုတ်ထားလိုက် David
ပြီးတော့ ငါ့အသံကိုဘဲ အာရုံစိုက်ပြီး နားထောင်နေ။
ငါက နင့်ဆီက စွမ်းအင်ယူပြီး အတားအဆီး မန္တာန်ကို ဖြည်ပေးမှာမလို့
နင် အာရုံလွတ်သွားလို့ မရဘူး။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Tempat cerita menjadi hidup. Temukan sekarang